အေဂျက်အသင်းက နည်းပြစတိန်ကို ရာထူးမှ ထုတ်ပယ်

Photo: Ajax Fc

အောက်တိုဘာ ၂၄

တန်းဆင်းဇုန်ထဲရောက်နေတဲ့ အေဂျက်အသင်းသည် နည်းပြမော်ရိစတိန်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါသည်။

ပြိုင်ပွဲစုံမှာ ၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တဲ့ အေဂျက်အသင်းသည် ဟော်လန်လိဂ် ၁၈ သင်းမှာ အဆင့် ၁၇ နေရာအထိ ကျဆင်းသွားခဲ့ရသည်။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အူထရတ်နဲ့ ပွဲစဉ်မှာ ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပရိသတ်တွေကလည်း မီးရှူးမီးပန်းတွေ ကွင်းထဲပစ်ချကာ ကစားသမားတွေကို အော်ဟစ် ဝေဖန်ခဲ့ကြသည်။

နည်းပြစတိန်သည် ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ကာလတိုအတွင်းမှာပဲ ရာထူးမှ ထုတ်ပယ်ခံလိုက်ရကြောင်း သိရှိရပါသည်။