မဲခေါင်- လန်ချန်း စီမံကိန်းအစီအစဉ်အရ မြန်မာ နိုင်ငံတွင် နိုင်ငံတကာ မုန့်အမျိုးအစား ၄၀ ကျော် ပြုလုပ်နိုင်မည့် မုန့်ဖုတ်သင်တန်းပေးမည်

အောက်တိုဘာ ၂၃

    တရုတ်နိုင်ငံမှ မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးနေသည့် မဲခေါင် – လန်ချန်းစီမံကိန်းများထဲမှ အစီအစဉ်များ အရ မြန်မာနိုင်ငံတွင် နိုင်ငံတကာမုန့် အမျိုးအစား ၄၀ ကျော် ပြုလုပ်နိုင်မည့် Bakery and Pastry Training Course အခြေ ခံမုန့်ဖုတ်နည်း အခမဲ့သင်တန်းကို ပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာနမှ သိရပါသည်။

       အဆိုပါသင်တန်းကို အခြေခံအလယ်တန်းအောင်ထားသော အသက် ၁၈ နှစ်ပြည့်ပြီး ၄၀ နှစ်ထက်မကြီးသည့် သူများတက်ရောက်နိုင်ပြီး သင် တန်းကာလတစ်လ ပြီးဆုံးအောင်တက်ရောက် ရမည်ဟု ဆိုပါသည်။

       နိုင်ငံတကာမုန့်အမျိုးအစား ၄၈ မျိုးကို သင် တန်းမှာ သင်ကြားပေးသွားမှာဖြစ်ရာ သင်တန်းကာလကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ခုနှစ် ဇန်နဝါရီလအထိ တစ်လသတ်မှတ်ထားပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊ ဗိုလ်ဆွန် ပက်လမ်းရှိ ခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဟု သိရပါသည်။

       သင်တန်းတက်ရောက်လိုသူများအနေနှင့် ကိုဗစ်ကာကွယ်ဆေးထိုးလက်မှတ်၊ အသည်းရောင်အသားဝါ(ဘီ၊စီ) ပိုးကင်းရှင်းကြောင်း ထောက်ခံ စာများကို သင်တန်းအပ်ရာ၌ ပူးတွဲတင်ပြရမည်ဖြစ်ပြီး သင်တန်းအာမခံကြေး ငွေကျပ် ၅၀,၀၀၀ ကို ကြိုတင်ကောက်ခံထားကာ သင်တန်းပြီးဆုံးပါက ပြန်လည်ထုတ်ပေးသွားမည်ဟု သိရပါသည်။

#PAN