တားမြစ်ဆေးသုံးစွဲမှုကြောင့်  ၂ နှစ်ပွဲပယ်ခံရတဲ့ ဂိုမက်ဇ်

အောက်တိုဘာ ၂၂

    အာဂျင်တီးနားတိုက်စစ်ကစားသမား ဂိုမက်ဇ် ဟာ တားမြစ်ဆေးသုံးစွဲခဲ့တာကြောင့် ၂ နှစ် ပွဲပယ်ခံလိုက်ရတယ်လို့  အောက်တိုဘာလ ၂၀ ရက်မှာ မွန်ဇာအသင်းက တရားဝင်ကြေညာခဲ့ ပါတယ်။

     ဂိုမက်ဇ် ဟာ ဆီဗီလာအသင်းမှာ ကစားနေတဲ့ ၂၀၂၂ ခုနှစ်ထဲက တားမြစ်ဆေးသုံးစွဲတာနဲ့ ပတ် သက်ပြီး စစ်ဆေးခံနေရပေမယ့် အခုအချိန်မှ အဖြေထွက်ခဲ့တာ ဖြစ်ပါတယ်။

      ဂိုမက်ဇ် ဟာ ဆီဗီလာအသင်းနဲ့လမ်းခွဲပြီးနောက် အီတလီစီးရီးအေကလပ် မွန်ဇာအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ကစားနေတာပါ။ အသက် ၃၅ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ ဂိုမက်ဇ် ဟာ အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားကိုဆွတ်ခူးနိုင်ခဲ့သလို ဆီဗီလာ အသင်းနဲ့ ၂၀၂၂ – ၂၀၂၃ ယူရိုပါလိဂ်ဆုဖလားကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

      ဂိုမက်ဇ် ဟာ ၂ နှစ်ပွဲပယ် ခံလိုက်ရသလို အခုလက်ရှိသူ့ရဲ့အသက်အရွယ်ကြောင့် ကစားသမားဘဝက အပြီးအတိုင်အနားယူ သွားဖွယ် ရှိနေပါတယ်။

#PAN