ပြင်သစ်နိုင်ငံရှိ လေဆိပ်များတွင် ဗုံးခြိမ်းခြောက်မှုများ ဖြစ်ပွား

အောက်တိုဘာ ၁၉

ပြင်သစ်နိုင်ငံရှိ လေဆိပ်များတွင် ဗုံးခြိမ်း ခြောက်မှုများကြောင့် တာဝန်ရှိသူများက ပြည်သူများအား အောက်တိုဘာလ ၁၈ ရက်တွင် ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း BFMTV ရုပ်သံသတင်းဌာနက ထုတ်ပြန်သည်။

       ဗုံးခြိမ်းခြောက်မှုသည် လိုင်ယွန်၊ တူးလူစ်နှင့် အခြားမြို့များရှိ လေဆိပ်များတွင် ဖြစ်ပွားခြင်းဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းများထည့်ထား သည်ဟု ယူဆရသည့် ခရီးဆောင်အိတ်တစ်လုံးကို တာဝန်ရှိသူများက ဖယ်ရှားပစ်ခဲ့ကြောင်း သိရသည်။

       ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း နိုင်ငံအတွင်းရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ဓားဖြင့် တိုက်ခိုက်မှုဖြစ်ပွားရာ ကျောင်းဆရာတစ်ဦး သေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိသွားသည်။

     တိုက်ခိုက်သူအား အခင်းဖြစ်ပွားရာနေရာ၌ ပင် အာဏာပိုင်များက ဖမ်းဆီးနိုင်ခဲ့သည်။ ဖမ်း ဆီးခံရသည့် အမျိုးသား၏ လက်ကိုင်ဖုန်း တွင် IS စစ်သွေး ကြွအဖွဲ့၏ အသံဖိုင်တစ်ခုကို သိမ်း ဆည်းရမိခဲ့ကြောင်းကို အကြမ်းဖက်တန်ပြန်တိုက်ဖျက်ရေးအဖွဲ့က ထုတ်ပြန်ထားကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

#PAN