ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ပေကျင်းမြို့သို့ နိုင်ငံတကာအဖွဲ့အစည်းများ၏ တာဝန်ရှိသူများ ရောက်ရှိ

အောက်တိုဘာ ၁၈

       တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီးအစည်းအဝေး သို့ တက်ရောက်မည့် ပြည်ပနိုင်ငံခေါင်း ဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ ပေကျင်းမြို့သို့ ရောက်ရှိလာကြပြီဖြစ်သည်။

        အဆိုပါ ထိပ်သီးအစည်းအဝေးကို အောက် တိုဘာလ ၁၇ ရက်နှင့် ၁၈ ရက်တွင် ပေကျင်းမြို့၌ ကျင်း ပမည်ဖြစ်ရာ နိုင်ငံပေါင်း ၁၄၀ ကျော်၊ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၃၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ရန် အတည်ပြုထားပြီး အစည်းအဝေးတက်ရောက်ရန် စာရင်းပေးသွင်းထားသူ ၄,၀၀၀ ကျော် ရှိကြောင်း သိရသည်။

       တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်က တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ ခေါင်း ဆောင်များနှင့် သီးခြားတွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု အား ကောင်းစေရန်၊ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင် ရွက်မှုရလဒ်များ ပိုမိုအောင်မြင်ဖြစ်မြောက်စေရန် အတူကြိုးပမ်း ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြချက်အရ သိရသည်။

#PAN