မြန်မာနိုင်ငံက ပြုပြင်ထုတ်လုပ်သော အေးခဲအသားများ နိုင်ငံတကာဈေးကွက် တရားဝင်တင်ပို့ရန် စီစဉ်နေ

အောက်တိုဘာ ၁၈

        မြန်မာနိုင်ငံက ပြုပြင်ထုတ်လုပ်သော အေးခဲအမဲ သား၊ အေးခဲဆိတ်သား၊ အေးခဲဘဲသားစသည့် အေးခဲအသားများကို တရုတ်နိုင်ငံအပါအဝင် ပြည်ပဈေး ကွက်များသို့ တရားဝင်တင်ပို့ရန် စီစဉ်နေသည်ဟု မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန မှ သိရပါသည်။

        နိုင်ငံတွင်း အေးခဲအသားထုတ်လုပ်ရန် လို အပ်သော အရည်အသွေး၊ လိုက်နာရမည့် ကျင့်ဘဝတ်များအတွက် အမိန့်ညွှန်ကြားချက်များ မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်သွားရန်ရှိသည်ဟု သိရပါသည်။

       ရင်းနှီးမြှုပ်နှံသူများနှင့်လည်း အဆင့်မီသားသတ် ရုံများ တည်ဆောက်ရန် ဆွေးနွေးနေပြီး နေပြည်တော်၊ ပဲခူး၊ မိတ္ထီလာတို့မှာ တိရစ္ဆာန်ရောဂါထိန်းချုပ်ရေးဇုန်များ တည်ဆောက်ထားပြီးဖြစ်ကြောင်း သိရပါသည်။ လက်ရှိ မြန်မာ နိုင်ငံအနေနှင့် ကျွဲနွားအရှင်ကို G to G နဲ့ တရုတ်နိုင်ငံကိုသာ တင်ပို့နေတာ ဖြစ်ပါသည်။ တရုတ်နိုင်ငံကို G to G အပြင် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ GACC ခွင့်ပြု ချက်နှင့်ပါ ကျွဲနွားအရှင် နှင့် အေးခဲအသားများ တင်ပို့ရန် လုပ်ဆောင်နေခြင်းဖြစ်ပါသည်။ အခြားနိုင်ငံများကို တင်ပို့ရန် အဆိုပါ နိုင်ငံကလိုအပ်သည့် တိရစ္ဆာန်ပိုင်းဆိုင်ရာ အချက်အလက်များကို ညှိနှိုင်းပြီး B to B စနစ်နှင့် တင်ပို့နေခြင်း ဖြစ်သည်ဟု သိရသည်။

#PAN