Ballon d’Or ဆုကို မက်ဆီ ရှစ်ကြိမ်မြောက်ရရှိမည်ဟု သတင်းထွက်

အောက်တိုဘာ ၁၈

အသက် ၃၆ နှစ်ရှိ မက်ဆီသည် ဥရောပချန်ပီယံ မန်စီးတီးအသင်းမှ တိုက်စစ်မှူး ဟာလန်းကို ကျော်ဖြတ်ပြီး ဘလွန်းဒီအောဆုကို စံချိန်တင် ၈ ကြိမ်မြောက် ရရှိမည်ဟု ကြိုတင်သတင်းများစွာက ဖော်ပြလျက်ရှိသည်။

မက်ဆီသည် ယခုနှစ်အကောင်းဆုံးဆုသာ ဆွတ်ခူးနိုင်ခဲ့လျှင် Ballon d’Or ဆုကို စံချိန်တင်အဖြစ် ရှစ်ကြိမ်မြောက် ရရှိမည်ဖြစ်ပြီး ဥရောပပြင်ပလိဂ်များ၌ ကစားကာ ဆုရရှိသည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။

မက်ဆီသည် Ballon d’Or ဆုကို ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၉၊ ၂၀၂၁ ခုနှစ်များက ခုနစ်ကြိမ်တိုင် ဆွတ်ခူးထားပြီး အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်သည့် စီရော်နယ်လ်ဒို(၂၀၀၈၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇)ကို နှစ်ကြိမ် ဖြတ်ထားလျက်ရှိသည်။

မက်ဆီအနေဖြင့် ပြီးခဲ့သည့်အပတ်က မေဂျာလိဂ်ပြိုင်ပွဲ ရပ်နားထားသည့်ကာလအတွင်း ဘာစီလိုနာသို့ အငှားပြန်ကစားဖွယ်ရှိသည်ဟုလည်း သတင်းထွက်ခဲ့သည်။

ဆုပေးပွဲအခမ်းအနားကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ Théâtre du Châtelet ၌ အောက်တိုဘာလ(၃၀)ရက်နေ့တွင် ပြုလုပ်သွားမှာလည်းဖြစ်သည်။