ဝက်လက်မြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးများဆောင်ရွက်ရာ အကြမ်းဖက် PDF များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

အောက်တိုဘာ ၁၈

        စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ထိန်ကန်ကျေးရွာရှိ စာသင်ကျောင်းအတွင်း အကြမ်းဖက် PDF များ၏ လက်နက်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိုဝှက်ထားကြောင်း ဒေသခံရွာသားများ၏ လျှို့ဝှက် သတင်းပေးပို့မှုအရ ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်ဝင်ရောက် ရှင်းလင်းခဲ့ကြောင်း သိရပါသည်။

       ထိုသို့ အသေးစိတ်ဝင်ရောက် ရှင်းလင်းရာမှ အကြမ်းဖက် PDf များ သိုဝှက်သိမ်းဆည်းထားသည့် လက်လုပ်သေနတ် ၂ လက်၊လက်လုပ်ကျည်အိမ် ၂ ခု၊ ၅.၅၆ မမကျည် ၁၀ တောင့်၊လက်လုပ်မိုင်း ၁၀ လုံး၊ မိုင်းပြုလုပ်သည့်စလစ်အိုးခွံ ၅ လုံး၊ မိုင်းပြုလုပ်သည့်ဆော့ကတ် ၂၂ ထုပ်၊ တိုက်မိုင်း စပရိန် ၁၅ ခု၊ ယမ်းကြိုး ၁ ခွေ၊ယမ်းပျော့ ၁၀ ချောင်း၊ ဒီတိုနေတာ ၁၆ ချောင်း၊တိုက်ခလုတ် ၁၅ ခု၊ ဝရိန်ချောင်း ၄၅ ချောင်း၊ ထိပ်တုံး ၁ ခု၊ ဘက်ထရီအိုး ၁ လုံး၊ နိုင်လွန်ကြိုး ၄ ခွေ၊ မိုင်းခလုတ် ၂ ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။

       အလားတူ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ကန့်ဘလူမြို့နယ်၊ လှည်းပွဲကျေးရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံ ရေးအဖွဲ့ဝင်များနှင့် အကြမ်းဖက် PDF များထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

      အဆိုပါ ထိတွေ့ပစ်ခတ်မှုအပြီးတွင် အကြမ်း ဖက် PDF ၁ ဦးကို လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၁ လုံး၊ လွယ်အိတ် ၁ လုံး တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

       ဒေသခံပြည်သူများက အကြမ်းဖက် PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံခြင်းမရှိတော့ဘဲ အကြမ်းဖက်များ၏ သတင်းများကို နီးစပ်ရာလုံခြုံရေးအဖွဲ့များသို့ လျှို့ဝှက်သတင်းပေးပို့လာကြခြင်းနှင့်အတူ နယ်မြေလုံခြုံ ရေးတပ်ဖွဲ့များကလည်း နယ်မြေရှင်းလင်းရေးများကို ပိုမိုတိုးမြှင့် လုပ်ဆောင်လာကြရာ အကြမ်းဖက် PDF များအနေဖြင့် အမာခံနယ်မြေတည်ဆောက်၍ အခြေပြုနေထိုင်ခြင်း မပြုလုပ်နိုင်တော့ဘဲ လက်နက်ခဲယမ်းများကို စွန်ခွာထွက် ပြေးနေရကြောင်း၊ ၎င်းတို့ထံတွင် လက်နက်၊ ခဲယမ်းနည်းပါးလာပြီး မကြာမီကာလတွင် အကြမ်း ဖက် PDF များ ပပျောက်သွားနိုင်ကြောင်း ဒေသခံရွာသားများထံမှ ကြားသိရပါသည်။

#PAN