လာမယ့် ၂၉ရက်နေ့မှာ ပွဲထိုးသတ်ရမယ့် ဗရော်နီကာ

Photo: Vero Nika

အောက်တိုဘာ ၁၈

ကယန်းတိုင်းရင်းသူ ဗရော်နီကာက လာမယ့် ၂၉ရက်နေ့ လုပူရီမှာ ပွဲထိုးရမယ်လို့ ပရိတ်သတ်တွေကို ၎င်း၏ facebook page မှ အသိပေးလာကြောင်း သိရပါတယ်။

ဗရော်နီကာဟာ နောက်ဆုံးထိုးသတ်ခဲ့တာက လွန်ခဲ့တဲ့ ၄ လကပါ။ ဒီကြားထဲမှာ သူမအနေနဲ့ မွေ့ထိုင်းနည်းစနစ်ပိုင်းနဲ့ MMA ပိုင်းကိုလည်း သေချာလေ့ကျင့်နေခဲ့ပါတယ်။

လက်ရှိ Thai Fight မှာပြိုင်ဘက်ကင်းဖြစ်နေတဲ့ ဗရော်နီကာကို UFC, One Championship လိုကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်းတွေက သူတို့ဆီမှာလာရောက်ကစားဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

Thai Fight နဲ့ စာချုပ်ပြည့်ရင် ဗရော်နီကာကို ပရိသတ်တွအနေနဲ့ UFC, ONE Championship ဘယ်အဖွဲ့အစည်းရဲ့ ပြိုင်ပွဲတွေမှာမြင်တွေ့ရမလားဆိုတာကတော့ စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။