ဂျပန်နိုင်ငံအစိုးရက ဂါဇာကမ်းမြောင်ဒေသခံများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများ ပေးအပ်မည်

အောက်တိုဘာ ၁၈

       ဂျပန်အစိုးရသည် ဂါဇာကမ်းမြောင်ဒေသတွင် အခြေအနေများ ပိုမိုဆိုးရွားလာချိန်တွင် ဂါဇာကမ်း မြောင်ဒေသတွင် နေထိုင်သူများအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းတန်ဖိုးရှိ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများပေးအပ်မည်ဖြစ်ကြောင်းသိရသည်။ ဂျပန်နိုင်ငံသည် ဂါဇာဒေသခံများအတွက် စားနပ်ရိက္ခာ၊ ရေနှင့် ဆေးဝါးကုသခြင်း အပါ အဝင် ကယ်ဆယ်ရေးပစ္စည်းများကို ပေးအပ်နိုင်
ရေးအတွက် သံတမန်ရေးရာ ကြိုးပမ်းမှုများကို ဆက် လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြား ရေးဝန်ကြီး ကာမီကာဝါယိုကိုက ပြောကြားခဲ့သည်။

        နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့် ၎င်းအကူ အညီများ ပေးအပ်သွားမည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးဆိုင်ရာ အထူးသံတမန် ဝီမူယာဆူကာဆာသည် အီဂျစ်၊ ဂျော်ဒန်နှင့် ကာတာနိုင်ငံများသို့ အောက်တိုဘာ ၁၇ ရက်မှ ၂၂ ရက်အထိသွားရောက်မည်ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။ ၎င်းအထူးသံတမန်သည် အစ္စရေးနှင့် ဟားမတ်စ်စစ်သွေးကြွအဖွဲ့တို့အကြား ပဋိပက္ခအရှိန်လျော့စေမည့်နည်းလမ်းများကို ဆွေးနွေးမည်ဖြစ်သည်။

#PAN