အမေရိကန်က INF ကိုချိုးဖောက်လျှင် ရုရှားက ကြေးမုံပြင်ကဲ့သို့ တုံ့ပြန်မည်

အောက်တိုဘာ ၁၇

        အမေရိကန်နိုင်ငံအနေဖြင့် တာလတ်ပစ် နျူ ကလီးယားတပ်ဖွဲ့ (INF) စာချုပ်ကို ချိုးဖောက်ကာ တား မြစ် လက်နက်များကို ဥရေပ၌ဖြန့်ကြက်ပါက ရုရှားနိုင်ငံကလည်း ကြေးမုံပြင်ကဲ့သို့ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရုရှားနိုင်ငံသည် လက်ရှိအချိန်အထိ INF စာချုပ်ပါ စည်းကမ်းချက်များကို ဆက်လက်လိုက်နာနေဆဲဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် ထိုစာချုပ်ကို ချိုးဖောက်ကာ သွေးတိုးစမ်းမှုများ လုပ်ဆောင်လာပါက ရုရှားနိုင်ငံသည်လည်း အလားတူတုံ့ပြန်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန နျူကလီးယားလက်နက် မပြန့်ပွားရေးနှင့် ထိန်း ချုပ်ရေးဌာနမှူး ဗလာဒီမာ အာမာကော့က ပြော သည်။

        အမေရိကန်နိုင်ငံသည် ၎င်းတို့၏ နျူကလီး ယားလက်နက်များကို အဆင့်မြှင့်တင်မှု တစ်စိတ်တစ်ပိုင်း အဖြစ် ရွက်ကုန်လွှင့် နျူကလီးယားစမ်းသပ်မှုတစ်ခုကို လုပ်ဆောင်ရန် စိတ်ကူးနေပြီး ထိုစိတ်ကူးကို မစွန့်လွှတ် သေးကြောင်း ဗလာဒီမာ အာမာကော့က ဆက်လက်ပြောသည်။ တစ်ချိန်တည်းမှာပင် အနောက် အုပ်စုက အာကာသအတွင်း လွှတ်တင်ထားသည့် အရပ်ဘက်  ပုံ ဆောင်ဂြိုဟ်တုများကို ယူကရိန်းပဋိပက္ခတွင် အသုံးပြုလာပါက ထိုဂြိုဟ်တုများသည် စစ်ရေး ပစ်မှတ်များ ဖြစ်သွားမည်ဖြစ်ပြီး ပစ်ချခံရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

       အမေရိကန်ပြည်ထောင်စုနှင့် ယူကရိန်းတို့က ယူကရိန်းစစ်ဘက်မှ လိုအပ်သည့် အချက်အလက်များ အတွက် အမေရိကန်ဂြိုဟ်တုများမှ အချက် အလက်များကို ရယူနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အကြိမ်ကြိမ် ထုတ်ပြန်ထား သည်။ ထို့ပြင် အမေရိကန်က ယူကရိန်းသို့ ပေးသည့် စစ်ရေးအကူအညီများတွင် အဆိုပါဂြိုဟ် တုများမှ အချက်အလက်များကို ရယူရေးသည်လည်း ကူညီမှုတစ်ခုအဖြစ်ပါဝင်ကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN