UFC-295 ပွဲစဉ်မှာ ပီရူးဖိုက်တာ Kevin Borjas နဲ့ ထိုးသတ်မယ့် Joshua Van

အောက်တိုဘာ ၁၇
လာမယ့်နိုဝင်ဘာလ (၁၂) ရက်နေ့မှာ Joshua Van သည် UFC 295 မှာ သူ့ရဲ့ UFC ဒုတိယမြောက်ပွဲအဖြစ် ပီရူးနိုင်ငံသား Kevin Borjas နဲ့ယှဉ်ပြိုင်ကစားသွားဖို့ရှိနေသည်။

အသက် (၂၁) သာရှိသေးတဲ့ မြန်မာ ပြည်ဖွားချင်းတိုင်းရင်းသားလေး Joshua Van ဟာ ကမ္ဘာ့တိုက်ခိုက်ရေးလောကရဲ့နံပါတ်တစ်အဖွဲ့အစည်းဖြစ်တဲ့ UFC မှာ ပထမဆုံးပွဲဦးထွက်တင်ပွဲဆူစေခဲ့သူပါ။ Joshua Van သည် UFC မှာပွဲထွက်ခွင့်ရတဲ့ ပထမဆုံးမြန်မာ့တိုက်ခိုက်ရေး ကစားသမားတစ်ဦးလည်းဖြစ်သည်။

Joshua Van သည် Fury MMA ဖလိုင်းဝိတ်တန်းရဲ့ ချန်ပီယံရွှေခါးပတ်ဆုကို ရရှိခဲ့ပြီးနောက် လက်ရှိမှာ UFC ဖလိုင်းဝိတ်တန်းမှာယှဉ်ပြိုင်ခွင့်တစ်နေရာကို ရယူပိုင်ဆိုင်ထားသူတစ်ဦးဖြစ်နေပါတယ်။

အသက်25နှစ်ရှိ kevin Borjas သည် အရပ်အမြင့် 5 ပေ 5 လက်မ ရှိပြီး mma ပွဲမှတ်တမ်းဖြင့် 10 ပွဲကစားထား 9 ပွဲကို အနိုင်ယူထားကြောင်းလည်းသိရသည်။