စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄ ခုတွင် နယ်မြေလုံခြုံ ရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်သမား PDF ၆ ဦးကို လက်နက်ခဲယမ်းအချို့နှင့်အတူ အသေဖမ်းဆီးရမိ

အောက်တိုဘာ ၁၆

      စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များသည် ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင်  ကျွန်းဖိုပင်ကျေးရွာအနီး ရောက်ရှိစဉ် အကြမ်းဖက်သမား PDF  ၁ ဦးကို တွေ့ရှိရ၍ ပစ်ခတ်ဖမ်းဆီးရာ လက်လုပ်သေနတ် ၁ လက်၊ ၉ မမကျည် ၅ တောင့်၊ ပွိုင့်-၃၀ ကျည် ၂ တောင့်၊ ရီမု ၁ ခု တို့နှင့်အတူ အကြမ်းဖက် PDF  ၁ ဦးကို အသေဖမ်းဆီးရမိခဲ့သည်။

       အလားတူ ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ယင်းမာပင်မြို့နယ်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များသည် အင်းကျေးရွာအနီး ရောက်ရှိစဉ် အကြမ်းဖက် PDF များနှင့် ထိတွေ့မှုဖြစ် ပွားရာ အကြမ်းဖက် PDF  ၁ ဦးကို အမ်-၂၂ သေနတ် ၁ လက်၊ KIA ထုတ် ၄၀ မမ သေနတ် ၁ လက်၊ အမ်-ကျည် ၂၀ တောင့်၊ ကျည်အိမ် ၁ ခုတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့သည်။

       ထိုနည်းတူစွာ ရွှေဘိုမြို့နယ်တွင် နယ်မြေလုံခြုံ ရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များသည် သတင်းအရ ဘုန်းဘွဲ့ကျေးရွာအနီး  ကင်းပုန်းဝပ် စောင့်ဆိုင်းနေစဥ် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်သမားများ ကစဥ်ကလျား ဆုတ်ခွာထွက်ပြေးကြရကြောင်းနှင့် ၎င်းတို့မှ လက်လုပ်သေ နတ် ၂ လက်၊ ၉ မမ ကျည် ၁၂ တောင့်၊ ၅.၅၆ မမကျည် ၆ တောင့်၊အိုင်ကွန် ၁ လုံး၊ ဆိုင်ကယ် ၁ စီးတို့နှက့်အတူအကြမ်းဖက် PDF  ၂ ဦး ကို အသေဖမ်းဆီးရမိခဲ့သည်။

       အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်ကလည်း ကောလင်းမြို့နယ်၊ တာတောင် ကုန်းကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် အကြမ်းဖက် PDF သမား ၂ ဦးကို တွေ့ရှိ၍ ပစ် ခတ်ဖမ်း ဆီးရာ အကြမ်း ဖက် PDF ၂ ဦးကို အိုင်ကွန် ၁ လုံး၊ ပြောက်ကျားယူနီ ဖောင်း ၁ စုံ၊ အမ်-၂၂ ကျည် ၁၀ တောင့်၊ လွယ်အိတ် ၁ လုံးတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN