ရုရှားက “စစ်ပွဲအတွက်ပြင်ဆင်နေသည်” သို့သော်ငြိမ်းချမ်းရေးကိုလိုလားသည် ဟု ပူတင်ဆို

အောက်တိုဘာ ၁၆

       ရုရှားနှင့် တရုတ်တို့သည် အနောက်နိုင်ငံများနှင့် မတူဘဲ စစ်ရေး၊ နိုင်ငံရေး  မဟာမိတ်ဖွဲ့ပေါင်း စည်းခြင်း တစ်မျိုးမျိုး မရှိဟု သမ္မတ ဗလာဒီမာပူတင်က ရုရှား – ၁ ရုပ်သံလိုင်းတွင် တနင်္ဂနွေနေ့က ရှင်းပြခဲ့သည်။ သို့သော် အမေရိကန်သည် ၎င်း၏ မဟာမိတ်များအား မော်စကိုနှင့် ပေကျင်းတို့နှင့် ဆက်ဆံရေး ဆိုးရွားစေရန် ဖိအားပေးနေဟု ဆို သည်။

      ” ဒါတွေက ကျန်းမာနေတဲ့ လူတွေရဲ့ စိတ်ထဲကို ရောက်လာတဲ့ ကောင်းမွန်တဲ့ အတွေးအခေါ်တွေလို့ မထင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အမေရိကန်က ရုရှားနဲ့ စစ်တိုက်ဖို့ ပြင်ဆင်နေလို့ဖြစ်ပါတယ်၊ ကောင်းပြီ… ကျွန်ုပ်တို့အားလုံး လူသိများတဲ့ အကယ်၍ ငြိမ်းချမ်းရေးကို လိုချင်ရင် စစ်ပွဲအတွက် ပြင်ဆင်ပါ ဆိုတဲ့ ရှေးနိယာမကို လိုက်နာတာကြောင့် စစ်တိုက်ရန် ပြင်ဆင်နေကြပါတယ်၊ဒါပေမယ့် ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုတဲ့ ယူဆချက်အပေါ်မှာပဲ ဆောင်ရွက်မှာပါ” ဟု ပူတင်က ပြောကြားခဲ့သည်။

      “နျူကလီးယားအင်အားကြီးနိုင်ငံတွေကြား စစ်ပွဲဖြစ်နိုင်ခြေကို သူတို့မှန်ကန်တဲ့ စိတ်ရှိတဲ့သူ ဘယ်သူကိုမှ ခွင့်မပြုသင့်ဘူး”၊  အနောက်အုပ်စုနှင့် ရုရှားတို့ကြား အပြည့်အဝ ထိပ်တိုက်ရင်ဆိုင်မှုများတွင် အထူးစစ်ရေး စစ်ဆင်ရေးမဟုတ်ဘဲ လုံးဝခြားနားသော စစ်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်” ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။

       အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိ ပက္ခသည် ကြီးမားလွန်းသဖြင့် ယူကရိန်း အထူးစစ်ဆင် ရေးနှင့် နှိုင်းယှဉ်၍ မရနိုင်ကြောင်း ၎င်းက သုံးသပ်ခဲ့သည်။

#PAN