တရုတ်နိုင်ငံက လှူဒါန်းသော ငလျင်ကယ်ဆယ်ရေးအထောက်အပံ့များ အာဖဂန်နစ္စတန်နိုင်ငံသို့ ရောက်ရှိ

အောက်တိုဘာ ၁၆

      တရုတ်နိုင်ငံအစိုးရက လှူဒါန်းသောငလျင်ကယ်ဆယ်ရေးအထောက်အပံ့များအဖြစ် ပေးပို့သည့် ပထမအသုတ်ကယ်ဆယ်ရေးပစ္စည်းများသည် ယနေ့နံနက်ပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်းနှင့် အဆိုပါပစ္စည်းများကို လွှဲ ပြောင်းပေးအပ်လျက်ရှိကြောင်း သိရသည်။

      တရုတ်နိုင်ငံမှ ပေးပို့လှူဒါန်းသည့် ရွက်ဖျင်တဲများနှင့် ခုတင်များအပါအဝင် ကယ်ဆယ်ရေးပစ္စည်းများကို လေဆိပ်ရှိ တရုတ်ကုန်တင်လေ ယာဉ်နှစ်စင်းက သယ်ဆောင်ပေးခဲ့ကြောင်း
လည်း သိရသည်။

       တရုတ်နိုင်ငံအစိုးရသည် ငလျင်ဒဏ်ကယ် ဆယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အာဖဂန်နစ္စတန်နိုင်ငံအား အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပေး အပ်ရန် ကတိပြုထားကြောင်းလည်း သိရသည်။

#PAN