ရန်ကုန်-မန္တလေး အမြန်ရထားများ ပြန်လည်ပြေးဆွဲ

အောက်တိုဘာ ၁၅

      ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများကြောင့် အောက်တိုဘာလ ၈ ရက်ကစပြီး ယာယီရပ် နားထားရသည့် ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်များကို အောက်တိုဘာလ ၁၄ ရက်ကစပြီး ပြန်လည်ပြေးဆွဲပေးနေပြီ ဖြစ်သည်ဟု မြန်မာ့မီးရထားမှ သိရပါသည်။

       ရန်ကုန်-မန္တလေး အမြန်ရထားများဖြစ်သည့် အမှတ်(၃)အဆန်၊ အမှတ်(၅)အဆန်နဲ့ မန္တလေး-ရန်ကုန် အမြန်ရထားများဖြစ်သည့် အမှတ်(၄) အစုန်၊ အမှတ် (၆)အစုန်ရထားများကို အောက်တို ဘာလ ၁၄ ရက်ကစပြီး ပြန်လည်ပြေးဆွဲ ပေးနေ ကာ ရထားလက်မှတ်များကိုလည်း သက်ဆိုင်ရာဘူတာများမှာ ရောင်းချပေးနေလျက်ရှိပါသည်။

       ရေကြီးမှုကြောင့် ယာယီရပ်နားထားရသော အမှတ်(၈၁)အဆန်၊ အမှတ်(၈၂)အစုန် ရန်ကုန်-မော်လမြိုင် အမြန် ရထားကိုလည်း အောက်တို ဘာလ ၁၅ ရက်ကစပြီး ပြန်လည်ပြေးဆွဲပေးသွားတော့မည်ဖြစ်ကြောင်း  သိရပါသည်။

#PAN