အောက်တိုဘာလ ၁၄
ယနေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် မွန်ပြည်နယ် ၊ မော်လမြိုင် -ကျိုက်မရော ကားလမ်းဘေးရှိ (ဆောက်လုပ်ဆဲ) မင်းရွာ အကျဉ်းထောင်အား အကြမ်းဖက် PDF အဖွဲ့မှ Drone ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့
ကြောင်း သိရှ်ိရပါသည်။
အဆိုပါ Drone ဗုံးကျဲတိုက်ခိုက်မှု့ကြောင့် အကျဉ်းထောင် ဗဟိုကင်းအနီး အနောက်ဘက် မြေကွက်လပ်တွင် ဗုံး ၁ လုံး၊ ၃ ထပ်ဗဟိုကင်း အမိုးအလယ်တည့်တည့်အပေါ်ဆုံးထပ် မှန်လုံခန်းတွင် ဗုံး ၁ လုံးနှင့် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အဆိုပါနေရာသို့ ထပ်မံ၍ ဗုံး ၁ လုံး စုစုပေါင်း ဗုံး ၃လုံးကျရောက်ပေါက်ကွဲခဲ့ရာ မှန်လုံခန်း ၏ဘေးပတ်လည်ရှိ အလျား/အနံ(စိစစ်ဆဲ) မှန် ၃ ချပ်နှင့် အပေါ်မျက်နှာကြပ် ၁ ချပ်တို့မှာ ကွဲကြေ/ပေါက်ပြဲသွားခဲ့ကြောင်း ၊လူ/တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။
အကြမ်းဖက် PDFအဖွဲ့များသည် နိုင်ငံပိုင် အဆောက်အဦးများ ၊လမ်းတံတားများ ၊ စာသင်ကျောင်းများ စသည်တို့ကို ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲဖျက်ဆီးနေကြောင်း ဖြစ်စဉ် ဖြစ်ရပ်များအရ သိရပ်သည်။
#PAN
Please join us our “PAN ” telegram
https://t.me/positiveanglenews