ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာရှိ ကြာနီကန် ရဲကင်းစခန်းပေါ်သို့  အကြမ်းဖက် PDFအဖွဲ့ က Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်၊ အမျိုးသမီးတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရ

အောက်တိုဘာ ၁၄

     မန္တ​လေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာရှိ ကြာနီကန် ရဲကင်းစခန်း၏ မြောက်ဘက် ၅ ဖာလုံခန့်အကွာ၊အင်ကျယ်ကျေး ရွာဘက်မှ ပျံသန်းလာသော အကြမ်းဖက် PDF များ၏ Drone ၁ စီးသည် ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် ရဲကင်းစခန်းဝင်းအပေါ် အမြင့်ပေ ၄၀၀ ခန့်မှ Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

      အဆိုပါ Drop Bomb သည်  ရဲကင်းစခန်းဝင်းအတွင်းရှိ စုပေါင်းရေချိုးကန်အနီးကျရောက် ပေါက် ကွဲခဲ့ရာ ဗုံးပေါက်ကွဲမှုကြောင့် ရေချိုးနေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ဇနီးဖြစ်သူ ဒေါ်သူဇာဝင်းတွင် ဝဲ-ခြေ သလုံး ပေါက်ပြဲဒဏ်ရာ ၁ ချက်၊နောက်ကျောပြင် ပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း၊ အခင်းဖြစ်နေရာအနီးမှ ခဲသီးအပိုင်းအစများ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူ ဒေါ်သူဇာဝင်းအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN