ရေစကြိုမြို့နယ် ရေလယ်ကျွန်းအတွင်း လုံခြုံရေးအဖွဲ့များက နန်းဦးကျေးရွာ စာသင်ကျောင်းအတွင်း ဝင်ရောက်ရှင်းလင်း အကြမ်းဖက် PDF များ လက်နက်များစွန့်လွှတ်ထွက်ပြေး

အောက်တိုဘာ ၁၄

      မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းအတွင်း လုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းရေးများကို ပိုက်စိပ်တိုက်ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင်  နန်းဦးကျေးရွာ စာသင် ကျောင်းအတွင်း ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက် PDF များကို မတွေ့ရှိရတော့ဘဲ ကိုယ်လွတ်ရုန်း ထွက် ပြေးသွားကြကြောင်း သိရပါသည်။

    အဆိုပါ စာသင်ကျောင်းအတွင်း အသေးစိပ်ရှင်း လင်းရာ အကြမ်းဖက် PDF များ၏ လက် လုပ်သေနတ်အရှည် ၂၁ လက် ၊ လက်လုပ်သေ နတ်အတို ၁ လက် ၊ ၆၀ မမ လက်လုပ်စိန်ပြောင်း ၁၇ လက်၊ လက်လုပ် အာပီဂျီ ၃ လက် တို့ကို သိမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

       ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းအတွင်းအကြမ်း ဖက် PDF များက ယခင်က အမာခံနယ် မြေတည် ဆောက်ပြီး လက်နက်အားကိုးဖြင့် ကြီးစိုးနေကြရာ လုံခြုံရေးအဖွဲ့များက ပိုက်စိပ် တိုက်ရှင်းလင်းခြင်းများကြောင့် ၎င်းတို့၏ လက်နက်ခဲယမ်းများကို စွန့်လွှတ်ဆုံးရှုံရသဖြင့် လက်နက်ခဲယမ်း နည်းပါးလာ​ပြီး ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းမရှိဘဲ ယခုလို ကိုယ်လွတ် ရုန်း ထွက်ပြေးနေကြရကြောင်း သိရပါသည်။

#PAN