ပြည်ကြီးတံခွန်မြို့နယ်၊ (စျ)ရပ်ကွက်တွင်နေထိုင်သောအကြမ်းဖက် PDF သင်တန်းဆင်းအကြမ်း ဖက် PDF တစ်ဦးကို ဖမ်းဆီးရမိ

အောက်တိုဘာ ၁၃

       မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စျ)ရပ်ကွက်၊ ၁၃၅လမ်း/၅၆Cတွင်နေထိုင်သူ  ဇင်ကိုထွန်း၊၂၅ နှစ်၊ (ဘ) ဦးဝင်းရွှေ၊အလုပ်အကိုင် 2D3D ရောင်း၊မှတ်ပုံတင် ၉/ခမစ (နိုင်)၀၉၈၁၄၇ကိုင်ဆောင်သူသည် အကြမ်းဖက် PDF များနှင့်အဆက်အသွယ်ရှိပြီး ယခင်က အကြမ်းဖက် PDF သင်တန်းတက်ရောက်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူစစ်အဖွဲ့များက ၎င်းနေထိုင်ရာသို့ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရပါသည်။

       အဆိုပါ တရားခံ ဇင်ကိုထွန်း သည် ယခုအခါမန္တလေးမှာအိမ်ထောင်ကျ၍ မန္တလေးတွင်အခြေ ချနေထိုင်ခဲ့ပြီး Face Bookစာမျက်နှာပေါ်တွင်မဟုတ်မမှန်သတင်းများဖြန့်ဖြူးခဲ့ကြောင်း၊ ၎င်း ၏ ရင်ဘက်ပေါ်တွင် (နွေဦးတော်လှရေးစာသားနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံ)အားတွေ့ရှိခဲ့ကြောင်း သိရပါသည်။

      တရားခံ ဇင်ကိုထွန်း ကို ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက် ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN

https://t.me/positiveanglenews