တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာခြား ၊ တောင်ခြား အနီး၊ ပြည်ထောင် စုလမ်းပေါ်၌မြတ်မန္တလာထွန်း ခရီးသည်တင်မော်တော်ယာဉ် တစ်စီးကို အကြမ်းဖက် PDF များက မိုင်းဆွဲတိုက်ခိုက်

အောက်တိုဘာ ၁၃

      တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာ အုပ်စု၊ လယ်တောင်ယာ ကျေးရွာ နှင့်  တမုတ်ချုံးကျေးရွာအုပ်စု၊ တမုတ်ချုံးကျေးရွာခြား ၊ တောင်ခြား အနီး၊ ပြည်ထောင် စုလမ်းပေါ်၌ မြတ်မန္တလာထွန်း ခရီးသည်တင်မော်တော်ယာဉ် တစ်စီးကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် အကြမ်းဖက် PDF အင်အားစိစစ်ဆဲက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါသည်,

      ယနေ့ နံနက် ၆ နာရီအချိန်ခန့်က မြတ်မန္တလာထွန်း မော်တော်ယာဉ်လိုင်းမှ ယာဉ်မောင် ဦးဇော်မင်းနိုင်၊ ၅၅ နှစ်၊ (ဘ)ဦးခင်မောင်ဝင်း၊ အမှတ် ( ၁၁၆၅ )၊ ရာဇာဓိရာဇ်(၂)လမ်း၊ ရွှေပေါက်ကံမြို့သစ်၊ မြောက်ဉက္ကလာပမြို့နယ် နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကျော်မိုးထိုက်၊ ၂၇ နှစ်၊ (ဘ)ဦးဝင်းတင် ၊ သုခ(၈)လမ်း၊ မြိတ်တောင်မြို့သစ်၊  မြိတ်မြို့နယ် နေသူပါ ယာဥ်နောက်လိုက် ၂ ဦးတို့ လိုက်ပါသည့် ယဉ်အမှတ် YGN-7Q/ 7790 ( SCANIA ဖြူ/ပြာရောင်) ခရီးသည်တင်မော်တော်ယာဉ်သည်   ခရီသည်  ကျား  ၁ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၃ ဦးနှင့် ကုန်စည်မျာ တင်ဆောင် ၍  မြိတ်မြို့မှထွက်ခွါလာရာ အခင်းဖြစ်နေရာအရောက်တွင် လမ်း၏ ဝဲ ဘက်ခြမ်းမှ မိုင်းတစ်လုံးပေါက်ကွဲသဖြင့်  ယာဉ်မောင်းမှ မော်တော်ယာဉ်အားရပ်တန့်ခဲ့ကြောင်း၊ ၄င်း မိုင်းခွဲတိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်၏ ရှေ့လေ ကာမှန်  ကွဲ အက်ပျက်စီးခြင်း၊   ဝဲဘက်ဘေးမှန် ၄ ချပ် ကွဲကျေ ပျက်စီးခြင်း၊ မော်တော်ယဉ် ဝဲဘက်ဘေး သံဘော်ဒီတွင် မိုင်းစထိမှန်ဖောက်ဝင် ဒဏ်ရာ ၄ ချက် ထိမှန်ခြင်း တို့ အသီးသီးဖြစ်ပေါ်ခဲ့ကြောင်း၊ ယာဉ် မောင်း/ယာဉ်နောက်လိုက်/ ခရီးသည် / ကုန်ပစ္စည်း ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရပါသည်။

         ၄င်းမော်တော်ယာဉ် သည် ၂ မိနစ်ခန့်စောင့်ဆိုင်းပြီးနောက်ဆက်လက်ထွက်ခွါလာခဲ့ကြောင်း၊ မိုင်းခွဲသည့် အကြမ်းဖက်များကို မတွေ့ရကြောင်း အဝေးမှ ဆွဲမိုင်ဖြင့် ဖောက်ခွဲခြင်းဖြစ်နိုင်ကြောင်း၊ မည်သည့်အကြောင်းကြောင့် ယခုလို မိုင်ဆွဲတိုက်ခိုက်ခြင်းဖြစ် သည်ကို မသိရကြောင်း၊ မောတော်ယာဥ်သည် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ဘုတ်ပြင်းမြို့၊ရွှေဘုံသာရပ်ကွက်ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းသို့ရောက်ရှိကာ ကုန်ပစ္စည်းများတင်ချပြုလုပ်ပြီးနောက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် ဘုတ်ပြင်းမြို့မှ ကော့သောင်းမြို့  သို့ဆက်လက်ထွက်ခွါသွားကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews

#PAN