တောင်ဥက္ကလာပမြို့နယ် ရှိ DOMINO Club ကို အဖွဲ့စုံပါဝင်သော ပူးပေါင်းအဖွဲ့က ရှောင်တခင် ဝင်ရောက်ရှာဖွေစစ်ဆေး

အောက်တိုဘာ ၁၃

           ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့ နယ်၊ အမှတ်(၈)ရပ်ကွက်၊ စက်မှုဇုန်(၆)လမ်း၊ အမှတ် -၇/ခတွင် ဖွင့်လှစ်ထားရှိသော DOMINO Club ကို သင်္ဃန်းကျွန်းခရိုင်နှင့် တောင်ဥက္ကလာပမြို့နယ်တို့မှ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မူးယစ်အထူးတပ်ဖွဲ့အပါအဝင် မြန်မာမာနိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးစသည့် အဖွဲ့စုံပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယနေ့ နံနက် ၀၀:၁၅ အချိန်ခန့်တွင် ရှောင်တခင် ဝင် ရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ရှောင်တခင် ဝင်ရောက်ရှာဖွေစစ်ဆေးရာမှ Club အတွင်း၌ ကျား ၈၇ ဦး၊ မ ၅၅ ဦး၊ ပေါင်း ၁၄၂ ဦး၊ DOMINO Club မန်နေဂျာ ဦးနိုင်လင်းသိန်း၊ ၄၂ နှစ်၊ (ဘ)ဦးသိန်း၊ ၈/ရနခ(နိုင်) ၀၈၁၆၇၃၊ ဗမာ/ဗုဒ္ဓ နှင့် ဆိုင်ဝန်ထမ်း ၄၀ ဦးတို့အား တွေ့ရှိရပြီး ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ သုံးစွဲထားခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်း ဝယ်ခြင်း ရှိ/မရှိ တို့ကို တစ်ဦးချင်းစစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ မတွေ့ရှိရသဖြင့် Club သို့ လာရောက်သူ (၁၄၂)ဦးတို့အား ၀၁:၃၀  အချိန် ပြန်လည်စေလွှတ်ထားရှိပြီး ညမထွက်ရ အမိန့်အား ဖောက်ဖျက်၍ သတ်မှတ်အချိန် ကျော်လွန်ဖွင့်လှစ်ခဲ့သည့် Club ၏ မန်နေဂျာ ဦးနိုင်လင်းသိန်း ကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် Club အား ယာယီပိတ်သိမ်းခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#PAN