၂၀၂၃ ခုနှစ် အတွက် Golden Boy အကောင်းဆုံး လူငယ်ကစားသမားဆု အတွက် ဆန်ကာတင်စာရင်း ထုတ်ပြန်

အောက်တိုဘာ ၁၃
အီတလီအားကစားသတင်းစာ Tuttosport က ၂၀၂၃ ခုနှစ် Golden Boy ဆုအတွက် ဆန်ခါတင်ကစားသမားစာရင်းကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဘာစီလိုနာ လူငယ်ကွင်းလယ်လူ ဂါဗီဟာ မနှစ်က ထိုဆုကို ဆွတ်ခူးခဲ့တာကြောင့် ယခုနှစ် ဆန်ကာတင်စာရင်းမှာ ပါဝင်လာခြင်း မရှိတော့ပါဘူး။ လက်ရှိ ဆန်ကာတင်စာရင်းထဲမှာတော့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဂမ်နဲ့ ဘိုင်ယန်မြူးနယ် ကွင်းလယ်တိုက်စစ်ကြယ်ပွင့် ဂျမဲလ် မူစီယားလားတို့က ယခုနှစ် Golden Boy ဆု ကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ Golden Boy ဆုမှာ Tuttosport မှ ကမကထပြုလုပ်၍ ချီးမြှင့်သောဆုဖြစ်ပြီး ဥရောပတစ်လွှားမှ နာမည်ကျော်အားကစားဂျာနယ်လစ်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်ချီးမြှင့်သောဆုလည်းဖြစ်ပါတယ်။ ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာလအတွင်း ပြုလုပ်ဖွယ်ရှိကြောင်း သိရပါတယ်။