အာရှဖလားဖူဆယ်ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မြန်မာနှင့် တာဂျစ်ကစ္စတန် ယှဉ်ပြိုင်မည်

အောက်တိုဘာ ၁၁

      ၂၀၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲ အုပ်စုနောက် ဆုံးပွဲကို အောက်တိုဘာလလ ၁၁ ရက်(ယနေ့)မှာ မြန်မာအသင်း နဲ့ တာဂျစ်ကစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

       မြန်မာအသင်းက နှစ်ပွဲဆက်တိုက် အနိုင်ရထားတာကြောင့် ခြေစစ်ပွဲအောင်မြင်ဖို့ သေချာသလောက်ရှိနေပြီး တာဂျစ်ကစ္စတန်အသင်းနဲ့ နောက်ဆုံးပွဲမှာ အုပ်စုပထမနေရာအတွက် အဆုံး အဖြတ်ကစားရမှာ ဖြစ်ပါတယ်။

       တာဂျစ်ကစ္စတန်နိုင်ငံမှာ ကျင်းပနေတဲ့ အုပ်စု (E) နောက်ဆုံးနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန်ညနေ ၅ နာရီခွဲတွင် ပါလက်စတိုင်းအသင်းနှင့် အိန္ဒိယအသင်း၊ မြန်မာစံတော်ချိန် ည ၈ နာရီခွဲတွင် မြန်မာအသင်းနှင့် တာဂျစ်ကစ္စတန် အသင်းတို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ မြန်မာနဲ့ တာဂျစ်ကစ္စတန်အသင်းတို့ဟာ နှစ်ပွဲစီကစားပြီး ရမှတ် ခြောက်မှတ်စီ ရရှိထားကာ အိန္ဒိယနှင့် ပါလက်စတိုင်းအသင်းတို့ဟာ ရမှတ်ရရှိခြင်းမရှိသေးပါဘူး။

        ၂၀၂၄ အာရှဖလား ဖူဆယ်ပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။

#PAN