အစ္စရေးနိုင်ငံ၊ တဲလ်အဗီမြို့ရှိ မြန်မာသံရုံးမှနေရပ်ပြန်လိုသူများနှင့် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအတွက် အသိပေးကြေညာ ချက် ထပ်မံထုတ်ပြန်

အောက်တိုဘာ ၁၁

      လက်ရှိဖြစ်ပွားနေသော အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့၏ စစ်ပွဲကြောင့် နေရပ်ပြန်လိုသူများနှင့် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအတွက် ​ကူညီဆောင်ရွက်ပေးရန် အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့ရှိ မြန်မာသံရုံးက အသိပေးကြေညာချက် ထပ်မံထုတ်ပြန်ခဲ့ကြောင်း
သိရပါသည်။

       ထုတ်ပြန်ချက်တွင် မြန်မာသံရုံး၊ တဲလ်အဗီးမြို့ အနေဖြင့် နေရပ်ပြန်လိုသူများနှင့် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများရှိပါက သံရုံးသို့ ဆက်သွယ အကူအညီတောင်းခံနိုင်ကြောင်းကို အသိပေးထားခဲ့ပြီးဖြစ်ကြောင်း၊လက်ရှိအခြေအနေ၌ အစ္စရေးနိုင်ငံတွင် Commercial Flight အချို့ ရပ်ဆိုင်းထားမှုများရှိနေသော်လည်း အခက်အခဲကြုံတွေ့နေသူ၊ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများရှိပါက မြန်မာသံရုံးအနေဖြင့် သက်ဆိုင်ရာနိုင်ငံ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ် ပြီး လိုအပ်ချက်များ ရှိလာခဲ့လျှင် မိမိတို့နိုင်ငံ အစီအစဉ်ဖြင့် Rescue Flight စီစဉ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်၍ မြန်မာသံရုံး၊ တဲလ်အဗီးသို့ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြထားပါသည်။

       ယမန်နေ့ စာရင်းအရ အဆိုပါ စစ်ပွဲတွင် အစ္စရေးနိုင်ငံအတွင်းရှိ နိုင်ငံခြားသားများအပါ အဝင် လူ ၉၀၀ သေဆုံးခဲ့ကြောင်း၊  နိုင်ငံခြားသားသေဆုံး၊ ပျောက် ဆုံး၊ ဒဏ်ရာရရှိမှုအနေဖြင့် အမေရိကန်နိုင်ငံ သား ၁၁ ဦး သေဆုံး၊ ကနေဒါနိုင်ငံသား ၁ ဦးသေဆုံး၊၂ ဦးပျောက်ဆုံး၊အင်္ဂလန်နိုင်ငံသား ၁၀ ဦးအထက် သေဆုံး (သို့) ပျောက် ဆုံး(စိစစ်ဆဲ)၊ အာဂျင်တီးနား ၇ ဦး သေဆုံး၊ ပြင်သစ်နိုင်ငံသား ၄ ဦးသေဆုံး၊၁၂ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ၁၃ ဦးပျောက်ဆုံး၊ ထိုင်းနိုင်ငံသား ၁၂ ဦးသေဆုံး၊ ၁၁ ဦးပျောက်ဆုံး၊နီပေါနိုင်ငံသား ၁၀ ဦးသေဆုံး၊ ဂျာမဏီနိုင်ငံသား ၁ ဦးသေဆုံး၊အများအပြားပျောက်ဆုံး(စိစစ်ဆဲ)၊ ရုရှားနိုင်ငံသား ၁ ဦးသေဆုံး၊ အီတလီ ရင်ခွင်ပိုက်ကလေး တစ်ဦးအပါအဝင် ၁၀ ဦး ပြန်ပေးဆွဲ၊ ကမ္ဘောဒီးယား ၁ ဦးသေဆုံး၊ တရုတ်နိုင်ငံသား သေဆုံး၊ဒဏ်ရာရ အတည်မပြုရသေး၊ ဘရာဇီးနိုင်ငံသား ၃ ဦးဒဏ်ရာရ၊ ပါရဂွေနိုင်ငံသား ၂ ဦး သေဆုံး(သို့) ပျောက်ဆုံး၊ ယူကရိန်းနိုင်ငံသား ၂ ဦးသေဆုံး၊ မက္ကစီကိုနိုင်ငံသား ၂ ဦး ပြန်ပေးဆွဲခံရ၊ အိုင်ယာလန်နိုင်ငံသား ၁ ဦး ဒဏ်ရာရ၊ တန်ဇန်နီးယားနိုင်ငံသား ၂ ဦး ဒဏ်ရာရ၊ သီရိလင်္ကာနိုင်ငံသား ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ယခုအချိန်ထိ မြန်မာနိုင်ငံသားများ ဘေးကင်းလျှက်ရှိကြောင်း တဲလ်အဗီးမြို့ရှိ မြန်မာသံရုံးမှ သိရပါသည်။