အေဂျင်စီများက ပြည်ပလုပ်သားစေလွှတ်ခဲ့သည့် စက်တင်ဘာလချုပ်စာရင်း ပေးပို့မှုမရှိပါက အရေးယူခံရမည်ဟု သတိပေး

အောက်တိုဘာ ၉

       စက်တင်ဘာလအတွင်း ပြည်ပသို့ မြန်မာလုပ်သားစေလွှတ်ခဲ့သည့် လချုပ်စာရင်းကို ပေးပို့မှုမရှိသည့် အေဂျင်စီများအနေဖြင့် အရေးယူခံရမည်ဟု အလုပ် သမားဝန်ကြီးဌာနက ကြေညာပါသည်။ အေဂျင်စီများအနေနှင့် စက်တင်ဘာလအတွင်း ထိုင်း၊ မလေးရှား၊ ဂျပန်နိုင်ငံအပါအဝင် အခြားပြည်ပနိုင်ငံများကို နိုင်ငံအလိုက် စေလွှတ်ခဲ့သည့် အလုပ်သမားစာရင်းကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တင်ပြရခြင်းဖြစ်သည်။

        အလုပ်သမားစေလွှတ်နိုင်ခဲ့ခြင်းမရှိသည့် အေဂျင် စီများကလည်း အလုပ်သမားစေလွှတ်ထားခြင်းမရှိကြောင်း တင်ပြရန် လိုအပ်ကြောင်း၊ လက်ရှိ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၄၈၄ ခုအနက် အောက်တို ဘာလ ၈ ရက် ညနေပိုင်းအထိ စာရင်းအရ စက်တင် ဘာလချုပ်စာရင်း လုံးဝပေးပို့ခြင်းမရှိသေးသည့် အေဂျင်စီ ၇၀ ကျော်ရှိနေပြီး အေဂျင်စီအချင်းချင်း စာရင်းပေးပို့ရန် သတိပေး ပြောကြားစေလိုကြောင်း ထုတ်ပြန်ထားပါသည်။

       လုပ်သားစေလွှတ်မှုစာရင်း လုံးဝပေးပို့လာခြင်းမရှိသည့် အေဂျင်စီမျအနေနှင့် စေလွှတ်ရေးလုပ်ငန်းစဉ်ကို စတင် ရပ်ဆိုင်းခံရမှာဖြစ်ပြီး သတိပေးအကြောင်း ကြားမှုများ ပေးပို့မှာဖြစ်ကာ ထပ်မံမလိုက်နာပါက အေဂျင်စီ ပိတ်ခံရမည်ဟု ထုတ်ပြန်ထားပါသည်။