ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် PDF များကရွာမိ/ရွာဖ တစ်ဦး၏ နေအိမ်အုပ်တံတိုင်းကို ညအချိန်ကျော်ဝင်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်

အောက်တိုဘာ ၉

      မန္တလေးတိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်၊အိုင်သာကျေးရွာအုပ်စု၊တောင်ကုန်းကျေးရွာနေသူ ဦးသိန်းဌေး၊၆၈နှစ်၊(ဘ)ဦးသန်းညွန့် ကို အကြမ်း ဖက်သမား PDF များက ယမန်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

       ဖြစ်စဥ်မှာ ဦးသိန်းဌေး သည် မိသားစုနှင့်အတူ နေအိမ်၌ရှိနေစဉ် အကြမ်းဖက် PDF ၈ဦးခန့်က နေအိမ်ခြံစည်းရိုး အုတ်တံတိုင်းကို ကျော်၍ ဝင်ရောက်လာပြီး သေနတ်နှင့်ပစ်ခတ် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ဦးသိန်းဌေးမှာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့သည်။

       သေဆုံးသူ ဦးသိန်းဌေးသည် ရွာမိ/ရွာဖ တစ်ဦးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ဝန်းရံအားပေးသူဖြစ်သည့်အပြင်  ကျေးရွာမီးလင်းရေးတွင် တာဝန်ခံဆောင်ရွက်နေသူတစ်ဦး ဖြစ်သဖြင့် အကြမ်းဖက် PDF များက ၎င်းတို့၏ ” ငါနဲ့မတူ ငါ့ရန်သူ ” ဟုသော အကြမ်းဖက်ဝါဒအရ ယခုလို သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရပါသည်။

#PAN