ဟောလိဝုဒ်၌ သပိတ်မှောက်ဆန္ဒပြမှုများကြောင့် အလုပ်အကိုင်နေရာ ၄၅,၀၀၀ ဆုံးရှုံး

အောက်တိုဘာ ၉

      ရုပ်ရှင်ထုတ်လုပ်ရေးဒေသဖြစ်သော ဟောလိဝုဒ် ဇာတ်ညွှန်းရေးဆရာများနှင့် သရုပ်ဆောင်အချို့က သပိတ်မှောက်မှုများ လုပ်ဆောင်ရာ မေလနောက်ပိုင်းမှစ၍ ယနေ့အချိန်အထိ အလုပ် အကိုင်နေရာ ၄၅,၀၀၀ ဆုံးရှုံးထားကြောင်းသိရသည်။

       ထိုသို့သပိတ်မှောက်မှုများကြောင့် ဩဂုတ်လတွင် အလုပ်အကိုင်နေရာ ၁၇,ဝဝဝ နှင့် စက်တင် ဘာလတွင် ၇၀,ဝ၀ ဆုံးရှုံးမှုရှိကြောင်း တွက်ချက်မှုများတွင်ဖော်ပြထားသည်။

       အဆိုပါသပိတ်မှောက်မှုကို ဇာတ်ညွှန်းရေး ဆရာများသမဂ္ဂက မေလ ၂ ရက်တွင် စတင်လိုက်ခြင်းဖြစ်ပြီး ဇူလိုင်လလယ်တွင် သရုပ်ဆောင်များသမဂ္ဂက သပိတ်မှောက်မှု တွင်ပါဝင်လာခြင်းဖြစ် သည်။

      ထိုသမဂ္ဂများက ရုပ်ရှင်ထုတ်လုပ်သူများအနေဖြင့် လုပ်အားခများတိုးပေးရန်၊ စာမူခများတိုးပေးရန်၊ ရုပ်ရှင်တွင် AI နည်းပညာ အသုံးပြုမှုအခန်းကဏ္ဍကို တရားဝင်ဥပဒေ ဘောင်များဖြင့်ကန့်သတ်ရန်ကို တောင်းဆို ထားသည်။

       သပိတ်မှောက်မှုများကြောင့် ဟောလိဝုဒ်ရှိ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတချို့ ပိတ်လိုက်ရပြီး အမေရိကန်စီးပွားရေးအတွက် ဒေါ်လာ ၅ ဘီလီယံဆုံးရှုံးရကြောင်းသိရသည်။

#PAN