ရခိုင်ပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်အမေရိကန်ဒေါ်လာ ၈ သန်းခွဲကျော် တင်ပို့နိုင်ခဲ့

အောက်တိုဘာ ၉

      ယခုဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ ရခိုင်ပြည်နယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ  ၈ သန်းခွဲကျော်ဖိုး တင်ပို့နိုင်ခဲ့သည်ဟု စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံတစ်ဦးထံမှ သိရပါသည်။

       ရခိုင်ပြည်နယ်အတွင်းက နယ်စပ်ကုန်သွယ် ရေးစခန်းများဖြစ်သည့် စစ်တွေမြို့မှ ရွှေမင်းဂံဆိပ်ကမ်းနှင့် မောင်တောမြို့မှ ကညင်ချောင်းအထူးစီးပွားရေးဇုန် ဆိပ်ကမ်းများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေခြင်း ဖြစ်ပါသည်။

       ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုမှ လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များနှင့် MSME ထုတ်ကုန်များကို တင်ပို့နေခြင်း ဖြစ်ပါသည်။

#PAN