သင်္ဃန်းကျွန်းမြို့နယ် သံသုမာနှင့် သုဝဏ္ဏလမ်းထောင့် မက်စ်ဆီဆိုင်အနီး လက်လုပ်ဗုံးတွေ့ရှိ


အောက်တိုဘာ ၁၀
ရန်ကုန်တိုင်း​ဒေသ​ကြီး၊သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ၂၉ ရပ်ကွက် ၊သံသုမာနှင့် သုဝဏ္ဏလမ်းထောင့် မက်စ်ဆီဆိုင်အနီး ယ​နေ့နံနက်၇ နာရီ အချိန်ခန့်တွင် မသင်္ကာဖွယ်ရာအထုပ်တစ်ထုပ်တွေ့ရှိရသဖြင့် တာဝန်သိပြည်သူများမှ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ထံ အကြောင်းကြားခဲ့ကြောင်းသိရသည်။

အဆိုပါ​နေရာသို့ လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ သံပိုက်ဖြင့်ပြုလုပ်ထားသောလက်လုပ်ဗုံးဖြစ်သဖြင့် နံနက်၈နာရီ ၅၀မိနစ်အချိန်တွင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းသတင်းရရှိသည်။

#PAN