ဆီဗီလာအသင်းက နည်းပြ လူးဝစ် မန်ဒီလီဘာကို ထုတ်ပယ်

Photo: Twitter

အောက်တိုဘာ ၉
ဆီဗီလာအသင်းဟာ အသင်းရဲ့ နည်းပြဖြစ်သူ ဟိုဆေး လူးဝစ် မန်ဒီလီဘာကို အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
နည်းပြ မန်ဒီလီဘာက ပြီးခဲ့တဲ့မတ်လကမှ ဆီဗီလာအသင်းကို ကိုင်တွယ်ခဲ့ပြီး အသင်းအတွက် ယူရိုပါလိဂ်ဖလားကို ရယူပေးနိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာ အသင်းရဲ့ ရလဒ်ပိုင်းတွေ ပြန်လည် ဆိုးရွားနေတာကြောင့် ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။