တောင်ကြီးနှင့် ရပ်စောက်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

အောက်တိုဘာ ၉

       တောင်ကြီးနှင့် ရပ်စောက်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

        မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်
အောက်တိုဘာ ၇ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊အကွက်ကြီး(၆၄)၊ နယ်မြေ(၁)လမ်းမပေါ်တွင် မနန်းအေးရွှေစင် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

         အလားတူ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာရှိ မောင်မောင်ဆွေ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၆၀ နှင့် ငွေကျပ် ၁ ဒသမ ၆ သိန်းနှင့်အတူဖမ်းဆီးရမိခဲ့သည်။

        အဆိုပါ ဖမ်းဆီးရမိ တရားခံများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။

#PAN