သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ ကမာကြည်လမ်းတွင် TOYOTA TOWNACE (အဖြူရောင်) မော်တော်ယာဥ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဥ်ကြောရှိ သစ်ပင်ကို ဝင်တိုက်

အောက်တိုဘာ ၈

      ယနေ့ နံနက် ၄ နာရီခွဲအချိန်ခန့်တွင် ရန်ကုန် တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ ကမာကြည်လမ်းတွင် ယာဥ်မောင်း ဇော်မျိုးနိုင် မောင်းနှင်သော YGN 8F/8224 TOYOTA TOWNACE (အဖြူရောင်) မော်တော်ယာဥ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ် ပင်အားဝင်တိုက်ခဲ့မိ​ပြီး ကားအတွင်း အဆိုပါယာဥ်မောင်းမှာ ညပ်နေခဲ့ကြောင်း သိရပါ သည်။

       ထိုသို့ ယာဥ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်းသတင်းအရ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ နံနက် ၅ နာရီ ၂၃ မိနစ်အချိန်ခန့်တွင် 191ယာဉ် ၁ စီး၊ ရှာဖွေကယ် ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

      အဆိုပါ မော်တော်ယာဥ်သည် ကမာကြည်လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာစဥ် တော်ဝင် ကုန်မာဆိုင်အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဥ်ကြောသို့ လမ်းပြောင်း ပြန်ရောက်ရှိသွားပြီး ဝဲဘက်လမ်းစပ်ရှိ သစ်ပင်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

       နံနက် ၅ နာရီ ၅၃ မိနစ်အချိန်ခန့်တွင် လူနာအားအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး သုဝဏ္ဏ ပရဟိ တအသင်းမှ သူနာတင်ယာဉ်ဖြင့် စံပြဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဓာတ်ပုံ – မီးသတ်ဦးစီးဌာန

#PAN