အင်္ဂလန်ကို ပြန်လာဖို့ စီစဉ်နေတဲ့ ရွန်နီ

အောက်တိုဘာ ၇

      မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းရဲ့ နည်းပြအဖြစ်ဆောင်ရွက်နေတဲ့ အင်္ဂလန်အသင်း တိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီ ဟာ အသင်းနှင့်လမ်းခွဲပြီး အင်္ဂလန်မှာ နည်းပြအဖြစ် ပြန်လည်ဆောင်ရွက်ရန် စီစဉ် နေတယ်လို့ သိရပါတယ်။

      အသက် ၃၇ နှစ်အရွယ် ရှိပြီးဖြစ်တဲ့ ဝိန်းရွန်နီ ဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ဒီစီယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး လာမယ့်ရာသီကုန်မှာ စာချုပ်ကုန်ဆုံးမှာဖြစ်ပါတယ်။

      ဒါပေမယ့် ယခုတစ်ပတ်ပွဲစဉ်အပြီးမှာအသင်းနဲ့လမ်းခွဲရန် စီစဉ်နေတာဖြစ်ပြီး အင်္ဂလန်လိဂ်ချန်ပီယံရှစ်မှ အသင်းတစ်သင်းကို ပြောင်းလဲကိုင်တွယ်ဖွယ်ရှိတယ်လို့ သိရပါတယ်။

#PAN