အောင်မြေသာစံမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်​ရေးမှုးရုံးရှေ့တွင် လုံခြုံရေးအဖွဲ့မှ တပ်ကြပ်ကြီး တစ်ဦးကို အကြမ်းဖက်သမား လူငယ်နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး

အောက်တိုဘာ ၇

       မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊အောင်မြေသာစံရပ်ကွက်၊၁၉ လမ်း၊၈၆×၈၇လမ်းကြားရှိ အောင်မြေသာစံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရပ်ကွက်အုပ်ချုပ်​ရေးမှုးရုံးအခြေပြု လုံခြုံရေးဆောင် ရွက်နေသော လုံခြုံရေးအဖွဲ့မှ တပ်ကြပ်ကြီး တစ်ဦးကို အကြမ်းဖက်လူသတ်သမား PDF နှစ်ဦးက ယနေ့ မွန်း လွဲ ၁ နာရီ ၁၅ မိနစ်အချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း သိရပါသည်။

      အောင်မြေသာစံမြို့နယ်၊အောင်မြေသာစံရပ် ကွက်၊ ၁၉ လမ်း၊ ၈၆×၈၇ လမ်းကြားရှိ အောင်မြေသာစံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် မကျော့သူဇာ၊၂၉နှစ်၊(ဘ)ဦးမောင်ဆန်း၊ရှမ်းခေါက်ဆွဲရောင်း၊ အောင်မြေသာစံရပ်ကွက်၊အကွက်(၁၃၄) နေသူ မောင်းနှင်ပြီး ဒေါ်မြင့်မြင့်ခင်၊၆၀နှစ်၊(ဘ)ဦးမောင်သိန်းမှအနောက်မှထိုင် လိုက်ပါလာသော CZI အနက်ရောင်၊၄၂ယ/၉၅၄၆၄ ဆိုင်ကယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဆိုင်ကယ်ချိန်းကြိုးကျသွားခဲ့သဖြင့် ရပ် ကွက်အုပ်ချုပ်​ရေးမှုးရုံးအခြေပြု လုံခြုံရေးဆောင် ရွက်နေသော လုံခြုံရေးအဖွဲ့မှ တပ်ကြပ်ကြီး တစ်ဦးက ကူညီဆောင်ရွက်ပေးနေစဥ် အနောက်မှ အရှေ့သို့ ရုပ်ဆိုးဆိုင်ကယ်၊အနက်ရောင်၊ယာဥ်အမှတ်(စိစစ်ဆဲ)ဖြင့် လူသတ်အကြမ်းဖက် PDF လူငယ် ၂ ဦး ရောက်ရှိလာပြီး သေနတ်အတို(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရပါသည်။

       ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အဆိုပါ တပ် ကြပ်ကြီး တွင် ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ် ရာ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ ၎င်းတပ်ကြပ်ကြီးကို နန်းတွင်းရှိ တပ်မတော်ဆေးတပ်ရင်းသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် အခင်းဖြစ်နေရာမှ USA၊9MM၊LUGER အဖြူရောင် ကျည်ခွံ ၁ ခု သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN