အောက်တိုဘာ ၆
မန်ယူအသင်းပိုင်ရှင် ဂလေဇာတွေဟာ အသင်းကို ပေါင် ၁၀ ဘီလီယံခန့် လိုချင်နေပြီး ကာတာအုပ်စုဘက် ကရော ဆာဂျင်မ်ရက် ကလစ်ဖ်ဘက် ကရောပေးတဲ့ဈေးက သူတို့လိုချင်တဲ့ ဈေးမရောက်လို့ဆိုပြီး မရောင်းတော့ ဘူးလို ငြင်းဆန်ထားပါတယ်။
ဒါပေမယ့် လက်ရှိအချိန်မှတော့ မန်ယူအသင်းဟာ စတော့ရှယ်ယာဈေးကွက်မှာ ရှယ်ယာဈေးတွေ ထိုးကျခဲ့ သလိုပဲ အသင်းရဲ့ ခြေစွမ်းက ပြိုင်ပွဲစုံမှာ စုတ်ပြတ်သတ်နေတဲ့အထိကို အခြေအနေဆိုးနေပါတယ်။ ကာတာအုပ်စုဟာ မန်ယူအသင်းအတွက် တန်ကြေးဟာ ပေါင် ၅ ဘီလီယံ အသင့်တော်ဆုံးလို့ ယုံကြည်နေဆဲဖြစ်ပြီး ပေါင် ၆ ဘီလီယံ ထက်ပိုပေးဖို့ မရှိပါဘူး။ လက်ရှိမှာတော့ ကာတာသတင်းတွေအရ မန်ယူအသင်းကို ဝယ်ယူဖို့အတွက် တစ်ကျော့ပြန် အားထုတ် လာဖွယ်ရှိနေပါတယ်။
မန်ယူအသင်းဟာ အကြွေးပေါင် ၁ ဘီလီယံရှိနေသလို အိုးထရက်ဖို့ဒ်နဲ့ လေ့ကျင့်ရေးကွင်းတွေကို အဆင့်မြှင့် တင်ပြီးခေတ်မီအောင်လုပ်ဖို့ လိုအပ်နေသေးတဲ့အတွက် ကာတာအုပ်စုရဲ့ ဝယ် ယူဖို့ကြိုးစားမှုဟာ ပြန်ဖြစ်လာဖွယ် ရှိနေပါတယ်။
#PAN