စူပါကွန်ပျူတာက မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက်ရမယ်လို့ ခန့်မှန်းထား

အောက်တိုဘာ ၅

      ဗြိတိန်အခြေစိုက် အချက်အလက်ကုမ္ပဏီ Opta ရဲ့ စူပါကွန်ပျူတာက လက်ရှိရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို မန်စီးတီးအသင်းက ရရှိဖို့ ၈၀ ရာခိုင် နှုန်းရှိတယ်ဆိုပြီး ခန့်မှန်းလိုက်ပါတယ်။

       မန်ယူအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရမှာ မဟုတ်သလို၊ ယူရိုပါလိဂ်ဝင်ခွင့်လည်း မရနိုင်ဘဲအဆင့် (၉) နေရာ မှာ ရပ်တည်မယ်လို့ စူပါကွန်ပျူတာ ခန့်မှန်းခဲ့ထားပါတယ်။ စူပါကွန်ပျူ တာရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေ ခန်မှန်းချက်တွေကတော့ လီဗာပူးလ်အသင်းက ၄၀ ရာခိုင်နှုန်း၊ အာဆင်နယ်အသင်းက ၃၁ ရာခိုင် နှုန်း၊ စပါးအသင်းက ၂၃ ရာခိုင်နှုန်းနဲ့ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

       စူပါကွန်ပျူတာ က ချဲလ်ဆီးအသင်းကို အဆင့် (၁၂) နေရာနဲ့ ခန့်မှန်း ခဲ့ပါတယ်။ ဒါ့အပြင် တန်းဆင်းရမယ့်အသင်းတွေအဖြစ် လူတန်၊ ဘန်လေ၊ ရှက်ဖီးလ်အသင်းတို့ကို စူပါကွန်ပျူတာက ရွေးချယ်ထားပါတယ်။

#PAN