ဆော်ဒီမှာပဲ ပျော်နေတယ်ဆိုတဲ့ GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒို

ဇွန် ၂
“ကျွန်တော်ဒီမှာ ပျော်နေပါတယ်။ ဒီမှာပဲ ဆက်နေချင်တာကြောင့် ဒီအသင်းအတွက်ပဲ ဆက်ကစားသွားဦးမှာပါ။
နေရတာလည်း အရမ်းကောင်းပါတယ်။ ကစားသမားကောင်းတွေကို ကြိုဆိုပါတယ်။
သူတို့သာ ရောက်လာမယ်ဆိုရင် ဒီလိဂ်ကို ပိုပြီးအဆင့်မြင့်လာမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။
လက်ရှိမှာ နယူးကာဆယ်အသင်းနဲ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေမှုအပေါ် ငြင်းဆန်ပယ်ချထားပြီး လက်ရှိကလပ် အယ်လ်နာဆာအသင်းမှာပဲ ပျော်ရွှင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အသက် 38 နှစ်အရွယ် ရော်နယ်ဒိုဟာ ဆော်ဒီမြေမှာ ဖလားလက်မဲ့ရာသီနဲ့ ကြုံခဲ့ရပေမယ့် သူ့အသင်းအတွက် 16 ပွဲမှာတော့ 14 ဂိုးအထိသွင်းပေးနိုင်ခဲ့သူဖြစ်ပါတယ်။
Photo: Cristiano Ronaldo fb