ဘဏ္ဍာနှစ်အတွင်း ရေအားလျှပ်စစ်စီမံကိန်းများအတွက် ကျပ် ၁၆၀ ဘီလီယံကျော် အသုံးပြုသွားမည်

အောက်တိုဘာ ၅

      ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ရေအားလျှပ်စစ် စီမံကိန်းများအတွက် ကျပ် ၁၆၀ ဘီလီယံကျော် အသုံးပြုသွားမည်ဖြစ်ကြောင်း ရသုံးမှန်းခြေငွေစာ ရင်းဌာနမှ ထုတ်ပြန်သည့် အသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရပါသည်။

      ရေအားလျှပ်စစ်စီမံကိန်းများမှာ ရွှေလီ (၃)၊ အထက်ရဲရွာ၊ သူဋ္ဌေးနှင့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်းများဖြစ်ပြီး အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းများအတွက် ကျပ် ၁၆၂ ဒသမ ၇၇၃ ဘီလီယံ အသုံးပြုသွားမှာ ဖြစ်သည်ဟု သိရပါသည်။

       ရေအားလျှပ်စစ်စီမံကိန်းအသစ်များ စူးစမ်းလေ့လာခြင်းအတွက် ကျပ် ၁ ဒသမ ၄၄၉ ဘီလီယံနှင့် ဓာတ်အား လိုင်း၊ ဓာတ်အားခွဲရုံတည် ဆောက်ခြင်း အသုံးစရိတ် ကျပ် ၂၃၀ ဒသမ ၃၆၄ ဘီလီယံ၊ လျှပ် စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ ‌ဆောင်ရွက်ခြင်း အသုံးစရိတ်ကျပ် ၁၂၇ ဒသမ ၃၅၀ ဘီလီယံအထိ အသုံးပြုသွားမှာ ဖြစ်ကြောင်း သိရပါသည်။

       ထို့အပြင် တည်ဆောက်ပြီး ရေလှောင်တမံများ၊ ရေအားလျှပ်စစ်စက်ရုံများနှင့် ဆက်စပ်ရေအားလျှပ်စစ် အဆောက်အအုံများပြုပြင်ခြင်းအတွက် ကျပ် ၂ ဒသမ ၇၄၇ ဘီလီယံ၊ ဆောင် ရွက်ဆဲ ရေအားလျှပ်စစ် စီမံကိန်းများ အတွက် လိုအပ်တဲ့ပံ့ပိုးပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းအတွက် ကျပ် ၂ ဒသမ ၉၆၄ ဘီလီယံ သုံးစွဲရန် လျာထား‌ ကြောင်း သိရပါ သည်။

      ၂၀၂၃-၂၀၂၄ ခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံ၏ လျှပ်စစ်ကဏ္ဍအတွက် ကျပ်ဘီလီယံ ၃,၃၈၀ ကျော် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရပါသည်။

#PAN