စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်နှင့် အရာတော်မြို့နယ်တို့တွင် အကြမ်းဖက် PDF များကိုနယ်မြေလုံခြုံရေးတပ်ဖွဲ့များက ရှင်းလင်းတိုက် ခိုက်၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

အောက်တိုဘာ ၅

       စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ပိုက်သိမ်းကျေးရွာအနီးတွင် အကြမ်းဖက် PDF များ အခြေပြုစခန်းဆောက် ခိုအောင်းနေကြောင်း ဒေသခံရွာသားများက သတင်းပေးပို့လာရာ နယ်မြေလုံခြုံရေးတပ်ဖွဲ့များက ယမန်နေ့က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

     ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက် PDF များသည် ဖရိုဖရဲဆုတ်ခွာထွက်ပြေးကြရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့များက ၎င်းတို့၏ စခန်းကို အသေး စိတ်ရှင်းလင်းရာ စခန်းအတွင်းမှ တဲ ၆ လုံးကိုတွေ့ရှိရပြီး ၎င်းတဲများအတွင်းမှ လက် လုပ်စိန်ပြောင်း ၅ လက်၊ လက်လုပ် ၁၂ bore ဆုံလည်  ၅ လက်၊ လက် လုပ် ၁၂ bore တစ်တောင့်ထိုး ၁ လက်၊ လက်လုပ် ၅.၅၆  ၂ လက်၊ လက် လုပ် 22 – ၁ လက်၊ လက်လုပ် ၄၀ မမ ၁ လက်နှင့်အတူ စိန်ပြောင်းဗုံးသီးမျိုးစုံ ၃၈ လုံးတို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်း သိရပါသည်။

      အလားတူ ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာအနီး အကြမ်း ဖက် PDF များမှ Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ရန် ပြုလုပ်ရန်လာရောက်စဉ်  နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ရှင်းလင်းခဲ့ရာ Drop Bomb ဗုံးသီး ၁၂ လုံး၊ ရီမု ၁ ခု၊ Drone ပန်ကာ ၁ ခု၊ Drone ဘက္ထရီ ၁ ခု၊ ဗုံးချိတ်ကိရိယာ ၁ ခု၊ Tool Box ၂ ခု၊ ပြောက်ကျားအင်္ကျီ ၁ ထည်၊ ပြောက်ကျားဦးထုပ် ၁ လုံးတို့အားသိမ်း ဆည်းရရှိခဲ့ကြောင်း သတင်းရှိရပါသည်။

#PAN