ဇွန် ၂
အနောက်အာဖရိကတိုက်၏ နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဆီနီဂေါ နိုင်ငံတွင် နိုင်ငံ၏ အတိုက်အခံပါတီ ခေါင်းဆောင် Ousmane Sonko က အနှိပ်ခန်းတစ်ခုတွင် အလုပ်လုပ်နေသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီး သေဆုံးသွားသည် အထိ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သောကြောင့် ဆီနီဂေါနိုင်ငံအတွင်းရှိ တရားရုံးက ပြီးခဲ့သည့် ဇွန်လ ၁ရက်နေ့တွင် Sonko ကို ထောင်ဒဏ် ၂ နှစ်ထိ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ စီရင်ချက်ကို ချမှတ်ခဲ့ပြီးနောက် အဓိကရုဏ်း နှိမ်နင်းရေးရဲတွေနဲ့ အတိုက် အခံခေါင်းဆောင် Ousmane Sonko ကို ထောက်ခံသူ တွေများ အကြား ရုန်းရင်းဆန် ခတ်ဖြစ်ခဲ့ကြပြီး အနည်းဆုံး လူ၉ ဦးထိ သေဆုံးခဲ့ရပါတယ်လို့ ယနေ့ဇွန်လ ၂ရက်နေ့ အစောပိုင်းတွင် ဆီနီဂေါနိုင်ငံ၏ ပြည်ထဲရေး၀န်ကြီး Antoine Felix Abdoulaye Diome က နိုင်ငံပိုင် ရုပ်မြင်သံကြားတွင် တရားဝင်ကြေငြာချက် ကိုထုတ်ပြန်ခဲ့ တာဖြစ်ပြီး ဆီနီဂေါနိုင်ငံ၏ မြို့တော် Dakar နှင့် Ziguinchorမြို့တို့တွင်သေဆုံးမှုများ ဖြစ်ပွားခဲ့ တာဖြစ် ကြောင်းလည်း တရားဝင်ထုတ်ပြန် ပြောကြား ခဲ့တာဖြစ်ပါတယ်။