ဒဏ်ရာကြောင့် မန်စီးတီးအသင်းနဲ့ ကစားရမယ့် ပွဲစဉ်ကို ဆာကာ လွဲချော်ဖွယ်ရှိ

အောက်တိုဘာ ၄
အာဆင်နယ် အသင်း ကစားသမား ဆာကာဟာ သူ့အနေနဲ့ အခု တစ်ပတ် တနင်္ဂနွေနေ့မှာ ကစားမယ့် မန်စီးတီး အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ပါဝင်ကစားဖို့ လွဲချော်ဖွယ်ရှိနေပါတယ်။
သူဟာ ကြားရက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လန့်စ် အသင်းနဲ့ ပွဲစဉ်မှာ အာဆင်နယ် အသင်း အတွက် ပါဝင် ကစားရင်း ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး အခုလို ဖြစ်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။
အာဆင်နယ် အသင်း နည်းပြ အာတီတာကတော့ ဆာကာကို အခုတစ်ပတ် တနင်္ဂနွေနေ့မှာ အသင်း အတွက် မဖြစ်မနေ အရေးပါနေတဲ့ ပွဲစဉ် ဖြစ်တဲ့ မန်စီးတီး အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။
အာဆင်နယ် အသင်းဟာ အခုရာသီ ပရီးမီးယားလိဂ်မှာ မြောက်လန်ဒန်ဒါဘီ ပြိုင်ဘက် စပါး အသင်းနဲ့ အတူ ရှုံးပွဲ မရှိထားပြီး အမှတ်ပေးဇယား အဆင့် (၁) နေရာက လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းကို စပါး အသင်းနဲ့ အတူ တစ်မှတ်အကွာနဲ့ ရပ်တည်ထားပါတယ်။