ရုရှားအသင်း ပါဝင်တဲ့ ပြိုင်ပွဲတွေကို မယှဉ်ပြိုင်ဘူးဆိုတဲ့ ယူကရိန်းအသင်း

အောက်တိုဘာ ၃

       UEFA က အရွယ်ရောက်ပြီးသူများ၏ လုပ် ရပ်ကြောင့် ကလေးငယ်များအပေါ် သက်ရောက်မှုမရှိသင့်ဟုဆိုကာ ရုရှား ယူ-၁၇ အသင်းကို ဥရောပပြိုင်ပွဲများ ပြန်လည်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ် ကြောင်း စက်တင် ဘာလ ၂၇ ရက်နေ့တွင် ကြေ ညာချက်ထုတ်ပြန်ခဲ့ပါတယ်။

      အဆိုပါ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ယူကရိန်းဘောလုံးအဖွဲ့ချုပ် (UAF)ဟာ ရုရှားယူ-၁၇ အသင်းအပေါ် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)ရဲ့ ဆုံးဖြတ် ချက်ကို ပြင်းထန်စွာ ရှုတ်ချခဲ့သလို ရုရှားအသင်းပါဝင်သည့် မည်သည့်ပြိုင်ပွဲမဆို ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်းနှင့် UEFA အဖွဲ့ဝင်နိုင်ငံအားလုံးကို ၎င်းတို့နှင့် ယှဉ်ပြိုင် ကစားခြင်းမပြုရန် တောင်းဆိုတဲ့ အကြောင်း ကြားစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

#PAN