မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာ၊ ရေနားဘုန်းကြီးကျောင်းမှ ဘ/က ကျောင်းဆရာ တစ်ဦးကို အကြမ်းဖက်သမား PDF များက ဖမ်းဆီးသတ်ဖြတ်

အောက်တိုဘာ ၃

       မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်၊လမိုင်းကျေးရွာနှင့် လက်ဝဲကြီးကျေးရွာ၊ ကျေးရွာချင်းဆက်တံတားပေါ်တွင် ဦးထွန်းလှိုင်၊၆၀နှစ်၊(ဘ)ဦးတင်မောင်၊ဘ/က ကျောင်းဆရာ၊ကျောက် တံတားကျေးရွာနေသူ ကို အကြမ်းဖက်သမား PDF များက ယမန်နေ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

       ဖြစ်စဥ်မှာ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က မတ္တရာမြို့နယ်၊လမိုင်းကျေးရွာ အုပ်စု၊ကျောက်တံတားကျေးရွာ၊ ရေနားဘုန်းကြီး ကျောင်းသို့ အကြမ်း ဖက်သမား PDF ၆ ဦးခန့်သည် ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဦးထွန်းလှိုင် ကို ဖမ်းဆီး၍ မတ္တရာမြို့နယ်၊လက်ဝဲကြီးကျေးရွာဘက်သို့ ခေါ်ဆောင်သွားကြောင်း၊ ယနေ့ နံနက် ၇ နာရီအချိန်ခန့်က ဦးထွန်းလှိုင် ကို အခင်းဖြစ်နေရာတွင် နဖူး ကျည်ဖောက်ဝင် နောက်စေ့ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ဝဲ-နားအောက် ကျည်ဖောက်ဝင် ယာ-ပါး ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

      သေဆုံးသူ ဦးထွန်းလှိုင် သည် ကျောက်တံတားကျေးရွာ၊ ရေနားဘုန်းကြီးကျောင်းရှိ ဘ/က ကျောင်းတွင် အခင်မဖြစ်ခင်ထိ ကလေးများ စာသင်ပေးသော ကျောင်းဆရာဖြစ်ပြီး ထိုသို့ စာသင်ပေးနေသည်ကို မလိုလားသော အကြမ်း ဖက် PDF အဖွဲ့၏ အကြမ်းဖက်ဝါဒအရ ယခုလိုဖမ်းဆီးသတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရပါသည်။

#PAN