တောင်ကြီးမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့်အတူ လုပ်သေနတ် ၁ လက်၊ခဲယမ်းများ ဖမ်းဆီးရမိ

အောက်တိုဘာ ၃

        စက်တင်ဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မူးယစ်ဆေးဝါးသတင်းအရ တောင်ကြီး – ကျောက်တလုံးသွား ကားလမ်း လွယ်ကောင်းကျေး ရွာအနီး၌ မူးယစ်အထူးအဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့က စောင့်ဆိုင်းနေစဉ် ကျောက်တလုံးကြီးမြို့ဖက်မှ တောင်ကြီးမြို့ဖက်သို့ Ford (နံပါတ်မပါ)ခဲရောင် မော် တော်ယာဉ်အား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာမှ မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်၊ခဲယမ်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

     အဆိုပါ မော်တော်ယာဥ်ကို  ဦးတင်ဖေ မောင်းနှင်ပြီး အတူလိုက်ပါလာသူများဖြစ်သော မောင်စိုင်း၊ဦးဟိန်းတို့ထံမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၀၀၀ ပြားစီပါ ၃ ထုပ် ၊ စုစုပေါင်းဆေးပြား ၆၀၀၀ပြား၊ အလေးချိန် ၅၄၀ ဂရမ်ခန့်၊ ဆေးပြား (၂၀၀)ပြားပါ ၁ ထုပ်လျှင် ငွေ ၁၀၀,၀၀၀ ကျပ် နှုန်းဖြင့် စုစုပေါင်း တန်ဖိုးငွေ ၃,၀၀၀,၀၀၀ ကျပ်အား လည်းကောင်း၊ ဦးတင်ဖေထိုင်သည့် ဘယ်ဘက်ရှိ အဝါရောင်ဆာလာအိတ်တွင်းမှ ၅.၅၆ ကျည်ဖြင့် ပစ်ခတ်နိုင်သည့် လက် လုပ်သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၆ တောင့်၊ ၇.၆၂ ကျည် ၄ တောင့်၊ တရုတ်နိုင်ငံလုပ် လက် ပစ်ဗုံး ၁ လုံးတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN