မော်လမြိုင်မြို့ရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် Water Cooler မော်တာဂျန်ဖြစ်ပြီး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

အောက်တိုဘာ ၃

        မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၊ တောင်ရိုးတန်းလမ်း၊ ရွှေမန်းကျောင်း တိုက်တွင် ယနေ့ နံနက် ၀၀: ၃၀ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

       အဆိုပါ မီးလောင်ရာနေရာသို့ မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဥ် ၂  စီး၊ ရေသယ်ယာဉ် ၂ စီး ၊ အုပ်ချုပ်မှုယာဉ် ၁စီး ၊မော်လမြိုင်နယ်မြေမီးသတ် စခန်းမှ မီးငြိမ်းသတ်ယာဥ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ မြိုင်သာယာနယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဥ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး ၊ ရွှေမြိုင်သီရိနယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဥ်  ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ ရာမညလူမှု ကယ်ဆယ်ရေးမှ ရေသယ်ယာဉ် ၁ စီး၊ ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအသင်းမှ ရေသယ်ယာဉ် ၁ စီး တို့ဖြင့် နံနက် ၀၀:၃၅ နာရီတွင် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၀၀: ၅၂ နာရီအချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၀၀:၅၆ နာရီအချိန်တွင် မီးငြိမ်းခဲ့သည်။

    မီးလောင်ရခြင်းအကြောင်းရင်းမှာ ဇင်ကိုအောင်၊ ၂၆ နှစ်၊ (အဘ) ဦးအေးဝင်း ၏ Water Cooler မော်တာဂျန်ဖြစ်ပြီး အပူလွန်ကဲ၍ မီး လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် (အလျား ၃၀ × အနံ ၅၀ ) ဘုန်းကြီးကျောင်း ဆောင်မှ ၈ ပေပတ်လည် အခန်း (၁)ခန်း လောင် ကျွမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN