မန်ယူပရိသတ်များ၏ လှောင်ပြောင်မှုကို မိမိနားလည်တယ်ဆိုတဲ့ တန်ဟက်ဂ်

အောက်တိုဘာ ၃
ကလပ်သမိုင်းတစ်လျှောက် ၃၄ နှစ်အတွင်း အဆိုးရွားဆုံးသော ရာသီအစနှင့်ကြုံတွေ့နေရမှုကြောင့် မန်ယူပရိသတ်များ၏ လှောင်ပြောင်မှုကို နားလည်ကြောင်း မန်ယူ နည်းပြ တန်ဟတ်က ပြောဆိုပါတယ်။
အိမ်ကွင်းတွင် ခရစ္စတယ်ပဲလေ့စ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာလည်း မန်ယူပရိသတ်များအား အသင်းအား ပြန်လည်အော်ဟစ်လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြပါတယ်။
တန်ဟတ်က “ပရီးမီးယားလိဂ်မှာ ပွဲတိုင်းက အရမ်းခက်ခဲပြီး အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ဖို့ လိုပါတယ်။ ပရိသတ်တွေက နိုင်ပွဲကို မျှော်လင့်ထားတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့ အနိုင်မရခဲ့ဘူး။ ရှုံးနိမ့်ခဲ့ပါတယ်။ အခုထက်ပိုပြီး ကောင်းမွန်လာအောင် လုပ်ဆောင်ဖို့ပါပဲ”ဟု ပြောဆိုခဲ့ပါတယ်။
နည်းပြ တန်ဟက်ဂ်ရဲ့ မန်ယူအသင်းဟာ အိမ်ကွင်း၌ ချန်ပီယံလိဂ် အုပ်စုအဆင့် ဒုတိယမြောက်ပွဲစဉ်အဖြစ် ဂလာတာစရေးအသင်းနဲ့ ယနေ့ညမြန်မာစံတော် နံနက်(1:30 AM )အချိန်တွင် ယှဉ်ပြိုင်ကစားသွားဖို့ရှိပါတယ်။