ပြင်ဦးလွင်မြို့မှာ EV Taxi ကားဂိတ်ဖွင့်လှစ်ပြီး ပြင်ဦးလွင်-မန္တလေး-မန္တလေးလေယာဉ်ကွင်းခရီးစဉ်များစတင်ပြေး ဆွဲမည်

အောက်တိုဘာ ၂

         မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့တွင် EV Taxi ကား ဂိတ်ဖွင့်လှစ်ကာ ပြင်ဦးလွင် – မန္တလေး – မန္တလေး​ေ ယာဉ်ကွင်း ခရီးစဉ်များ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း Power -27 Business Group of Co.,Ltd တာဝန်ရှိသူ တစ်ဦးထံမှ သိရပါသည်။

      အဆိုပါ EV Taxi ပြေးဆွဲခြင်းခရီးစဉ်ကို Power-27 Busi ness Group of Co.,Ltd က “မင်္ဂလာပါ” အမည်ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး EV Taxi Group ဂိတ်ဖွင့်ပွဲအခမ်းအနားကို အောက် တိုဘာလ ၁ ရက် နံနက်ပိုင်းက ပြင်ဦးလွင် ဂိတ်တည်ရှိရာ မန္တလေး – လားရှိုးလမ်းရှိ ဆွမ်းလောင်းသင်းတိုက်ခန်း အမှတ်(၅၊ ၆)မှာ ကျင်း ပပြုလုပ်ကြောင်း သိရသည်။

       အဆိုပါ “မင်္ဂလာပါ” EV Taxi Group သည် BYD E-2 Taxi သီးသန့် ၂၀၂၃ မော်ဒယ်ယာဉ်အသစ် ၁၅ စီးဖြင့် ပြင်ဦးလွင်မြို့မှ မန္တလေးမြို့သို့ အသွားခရီးစဉ် တစ်ကြောင်းကို ယာဉ်စီးခ တစ်ဦးကို တစ်သောင်းကျပ်၊ မန္တလေးမြို့မှ ပြင်ဦးလွင်မြို့သို့ အပြန်ခရီးစဉ်တစ်ကြောင်းကို တစ်ဦး တစ်သောင်းကျပ်၊ ပြင်ဦးလွင်မြို့မှ မန္တလေးလေ ယာဉ်ကွင်းသို့ တစ်စီးလုံးငှားပါက ငါးသောင်းငါးထောင်ကျပ်၊ မန္တလေးမြို့မှ မန္တလေးလေယာဉ် ကွင်းသို့ တစ်စီးလုံးငှားပါက နှစ်သောင်းငါးထောင်ကျပ်ဖြင့် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရပါသည်။

        “မင်္ဂလာပါ” EV Taxi ကားဂိတ်ဖွင့်ပွဲအထိမ်း အမှတ်အနေဖြင့် ၂၀၂၃ ခုနှစ် အောက်တို ဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ပြင်ဦးလွင် – မန္တလေးခရီးစဉ် တစ်ကြောင်းစီးရုံဖြင့် ၎င်းနေ့အပြန်ခရီးစဉ်ကို အခမဲ့ စီးနင်းလိုက်ပါနိုင်ကြောင်း သိရပါသည်။

        ခရီးသွားမိဘပြည်သူများအနေဖြင့် ခရီးစဉ်များနှင့်ပတ်သက်၍ “မင်္ဂလာပါ” EV Taxi Group ဂိတ်ကို ဆက်သွယ်လို ပါက ပြင်ဦးလွင်ဂိတ်ဖုန်းနံပါတ် – ၀၉ ၄၄၅၀၀၂၀၀၄ ၊ ၀၉ ၉၄၂၂၂၂၃၄၆ ၊ ၀၉ ၉၄၂၂၂၂၃၄၇ နဲ့ မန္တလေးဂိတ် – ၀၉ ၄၄၅၀၀၂၀၀၅ ၊ ၊ ၀၉ ၉၄၂၂၂၂၃၄၈၊ ၊ ၀၉ ၉၄၂၂၂၂၃၄၉ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရပါသည်။

#PAN