ပြည်ပ ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၇ ဘီလီကျော်ရရှိခဲ့

အောက်တိုဘာ ၂

        ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်၏ ခြောက်လတာကာလအတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှာ အမေရိကန်‌ဒေါ်လာ ၇ ဒသမ ၀၃ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက  ဖော်ပြထားတဲ့အချက်အလက်များအရ သိရပါသည်။

        အဆိုပါတင်ပို့မှုသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၁၅ ရက်အထိဖြစ်ပြီး  နိုင်ငံပိုင်ကဏ္ဍအ‌နေဖြင့် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၇ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၆ ဘီလီယံကျော်ရရှိခဲ့ကြောင်း သိရပါသည်။

        အဆိုပါ ပြည်ပပို့ကုန်တင်ပို့မှုအခြေအနေကိုကြည့်ပါက ယခုဘဏ္ဍာနှစ်အတွင်း ပုဂ္ဂလိကကဏ္ဍမှ တင်ပို့မှု လျော့ကျနေပြီး နိုင်ငံပိုင်တင်ပို့မှု မြင့်တက်လာကြောင်း ဖော်ပြထားသည့် စာရင်းအချက်အလက်မျာအရ သိရပါသည်။

        မြန်မာနိုင်ငံသည် ပြည်ပသို့ လယ်ယာထွက် ကုန် ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် ရေထွက် ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် စက်မှုကုန်ချောပစ္စည်းများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအပါအဝင် ကုန် သွယ်ဖက်နိုင်ငံများကို အဓိ ကတင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ သိရပါသည်။

#PAN