အကျဥ်းသားတွေက ရိုက်သတ်လို့ ထောင်ဝန်ထမ်း ၂ ဦး သေဆုံးမှု ထားဝယ် အကျဉ်းထောင်မှာဖြစ်ပွား

အောက်တိုဘာ ၂

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထား ဝယ်အကျဥ်းထောင်၏ အပြင်ဘုတ်( ထောင်ပြင်အလုပ်) လုပ်ငန်းခွင်တစ်ခုတွင် အကျဥ်းသားများရိုက်သတ်လိုက်သဖြင့် ထောင်ဝန်ထမ်း ၂ ဦး သေဆုံးသွားခဲ့သည်ဟု အကျဥ်းဦးစီးဌာနနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရပါသည်။

       အခင်းဖြစ်ပွားသည့်နေရာမှာ အကျဥ်းထောင် အသစ်ဆောက်ရန် လုပ်နေသည့် ဇီးကျရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး မြေသန့်ရှင်ရေး လုပ်ကိုင်ရန် ထုတ်လာသည့် လွတ်ရက်နီးအကျဥ်းသား ၅ ဦးက ရိုက်သတ်ပြီး ထွက် ပြေးသွားခြင်းဖြစ်သည်ဟု ဆိုပါသည်။

      ညအိပ်တန်းပိတ်ချိန်နီးသည်အထိ ၎င်းဘုတ် အဖွဲ့ ပြန်ရောက်မလာသည့်အပြင် ဖုန်းဆက်သွယ်၍ မရခြင်းကြောင့် လုံခြုံရေးအဖွဲ့က လိုက်သွားကြည့်သည့်အခါမှ ထောင်ဝန်ထမ်း ၂ ဦးလုံး အသတ်ခံထားရသည်ကို တွေ့ခဲ့ရခြင်းဖြစ် ကြောင်း သိရပြီး လွတ်မြောက်သွားသူများကို ရှာဖွေနေဆဲဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN